Monday, October 28, 2013

တားရော့ကဒ်တို့အားအဆောင်အဖြစ်ဆောင်ထားခြင်း

တားရော့ကဒ်တို့အားအဆောင်အဖြစ်ဆောင်ထားခြင်း

အဓိဋ္ဌာန်ကိစ္စ၊ဂန္ဓာရီကိစ္စ၊ သစ္စာဆိုရသောကိစ္စများအတွက်

ငွေကြေးကိစ္စ၊လာဘ်ရွှင်စေသောကိစ္စအတွက်

ကလေးရရှိစေခြင်းနှင့်မီးဖွားအန္တရယ်ကင်းစေခြင်းကိစ္စ

အလှူအတန်းအောင်မြင်စေခြင်း

အချစ်ရေး အိမ်ထောင်ရေးကိစ္စများအတွက်

ကျန်းမာစေခြင်းနှင့်ပယောဂကိုအနိုင်ယူခြင်း

ငွေကြေးပါကြွယ်ဝစေခြင်းအတွက်

အလုပ်အပြောင်းအရွေ့ကိစ္စများနှင့်အလုပ်ကိစ္စများအတွက်

တရားရုံး၌အမှု့ရင်ဆိုင်ရသောကိစ္စများအတွက်

ငွေမြဲစေသောကိစ္စ၊ ငွေကြေးအကုန်အကျများခြင်းကို ကာကွယ်သောကိစ္စအတွက်

နိုင်ငံရပ်ခြားခရီးကိစ္စများအတွက်

ဆောင်ထားခြင်းနှင့် ဖယောင်းတိုင်တွင်ပတ်၍ မီးထွန်းခြင်းများပြုလုပ်နိုင်ပါသည်။
ဤတားရောကဒ်များသည် အဘမင်းသိင်္ခ၏ မြန်မာမှု့ တားရော့ ကဒ်ပြားများဖြစ်ပါသည်။
မည်သည့်တားရော့ကဒ်အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

၁၂-ရာသီပုံစံ တားရောဟောနည်း

ကျွန်တော့်ကို မေးကြတယ်။ တားရော့ကို ဘယ်လို ဟောမလဲတဲ့။ သူတို့က တားရောကတော့ တော်တော်လေး သိနေပြီတဲ့။ ဒါပေမယ့် ဘယ်လို ဟောရမလဲတဲ့။ မဟောတတ်ဘူးတဲ့။ ကိုဟိန်းတင့်ဇော်ကော တားရော့ကို ဘယ်လို ဟောပါသလဲတဲ့။ မေးကြတဲ့ သူတွေအတွက် ကျွန်တော် ဒီပို့လေးကို တင်လိုက်တာပါ။ ဒါပေမယ့် ပြောချင်တာက တားရော့ကို ဒီလို ပုံသေ ဟောရမယ်လို့ မဆိုလိုပါဘူး။ ကြိုက်သလို ဟောလို့ ရပါတယ်။

တားရော့ ဟောနည်းတွေ အများကြီး ရှိပါတယ်။ ကြိုက်တဲ့နည်းကို ကိုယ်က အသုံးပြုလို့ ရပါတယ်။ ဆရာမျိုးစုံက နည်းစနစ်မျိုးစုံ ထားပေးခဲ့တာပဲ။ ကိုယ်ကြိုက်တာကို ကိုယ်လေးလေးနက်နက် အသုံးပြုဖို့ပါပဲ။ ဒီနည်းနဲ့ ဟောမှ မှန်မယ် အဲဒီလို မရှိပါဘူး။ လောကီပညာကို လေ့လာလိုက်စားသူများကို အကောင်းမွန်ဆုံး အကြံပြုချင်တာက လောကီပညာကို လွတ်လွတ်လတ်လတ် လိုက်စားပါ။ လွယ်လွယ်ကူကူ လိုက်စားပါ။

ကဲ... ၁၂-ရာသီခွင်နဲ့ တားရော့ကို ဟောချင်တယ် ဆိုရင်တော့ အရင်ဆုံ ကျွန်တော် လင်္ကာလေးတစ်ခု ပြောမယ်။ အဲဒါလေးကိုတော့ အလွတ်ရအောင် ကျက်ရမယ်။

လဂ် ၊ ဥုစ် ၊ မိတ် ၊ အိမ် ၊ သား ၊ ရန် ၊ ဇိမ် ။ ရော ၊ ငြိမ် ၊ ကံ ၊ လာဘ် ၊ ပူ

လွယ်ပါတယ်ဗျ။ ၁၀-ခေါက်လောက် ဆိုလိုက်ရင် ရပါပြီ။ အဲဒီ လင်္ကာလေးကို ရွတ်ဆိုပြီး တားရော့ကို မျှားပြထားတဲ့ အတိုင်း ၁၂-ချပ် ချလိုက်ပါ။ အောက်မှာ ကြည့်နော်။



ကဲ... တားရော့ ၁၂-ချပ် ချပြီးရင် ဘယ်တားရော့ ကဒ်ပြားကို ဘာအတွက် ဟောတယ်ဆိုတာကို ပြောပြမယ်နော်။
  1. လဂ်= ဗေဒင်လာမေးသူ ကာယကံရှင်အတွက်။
  2. ဥုစ်= ဥစ္စာ ပစ္စည်း။
  3. မိတ်= မိတ်ဆွေ အပေါင်းအသင်း ညီအကို မောင်နှမ။
  4. အိမ်= အိုးအိမ် အဆောက်အဦး နေရာထိုင်ခင်း။
  5. သား= သားသမီး လက်အောက် ငယ်သား။
  6. ရန်= ဘေးအန္တရယ် အနှောက်အယှက် ရန်သူ။
  7. ဇိမ်= အိမ်ထောင်ရေး-အချစ်ရေး။
  8. ရော= ရောဂါ ကျန်းမာရေး။
  9. ငြိမ်း= ငြိမ်းအေးမှု့ ၊ တရားဓမ္မ ၊ ပညာရေး ၊ ဘာသာရေး။
  10. ကံ= ဖခင်- အလုပ်အကိုင်။
  11. လာဘ်= လာဘ်လာဘ ထီပေါက် ချဲပေါက်။
  12. ပူ= ပူပင် သောကနှင့် ဖုံးကွယ်ထားသော အရာ။
ရပြီနော်။ လွယ်ပါတယ်။ အဲဒီတော့ ကိုယ် ဗေဒင်ဟောတဲ့ ခုံလေးပေါ်မှာ တားရော့ ၁၂-ချပ် ချလိုက်ပေါ့။ ပြီးရင် ကောင်းတဲ့ကဒ်ကျရင် ကောင်းတယ်ဟောလိုက်။ မကောင်းတဲ့ကဒ်ကျရင် မကောင်းဘူး ရဲရဲကြီး ဟောလိုက် ပေါ့ဗျာ။ သင်စဦး များအတွက် စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါသည်။ အထက်ပါ အကြောင်းအရာနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ လိုအပ်မှု့ ရှိပါက ကျွန်တော်ထံ အီးမေးလ် ပို့၍ မေးနိုင်ပါကြောင်း.....

တားရော့နှင့်စပ်စုတတ်သောမိန်းကလေး

တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင် လက္ခဏာ ဟောခန်း အတွင်းသို့ အသက်အရွယ် အားဖြင့် နှစ်ဆယ့်ငါးနှစ် ခန့်ရှိသော အရပ် ထောင်ထောင် မောင်းမောင်း အမျိုးသမီး တစ်ဦးရောက်ရှိ လာလေ ၏။
ထိုင်ပါ မိန်းကလေး။ ဘာကိစ္စရှိသလဲ။ ဗေဒင်မေးဖို့လား။ ယတြာတောင်း ဖို့လား။ ကျုပ်ဘာ ကူညီရမလဲ ပြောပါ…….
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုမိန်းကလေးက
အင်း….ကျွန်မက ဗေဒင်တွေဘာတွေ သိပ်ဝါသနာ မပါဘူး။ ပြီးတော့ ကျွန်မရဲ့ ခံယူချက်က ကျွန်မရဲ့ အနာဂါတ်ကို ကျွန်မ ပိုင်တယ်လို့ ခံယူထားတယ်။ ကျွန်မက ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာပဲ ဖြစ်မယ်။ အရာရာ ကျွန်မ အပေါ်မှာဘဲ မူတည်တယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ အဓိက ကျတယ်။

အဲဒီတော့ ဗေဒင်မေးဖို့ လည်း ကျွန်မ အတွက် မလို အပ်ဘူး ယတြာယူဖို့ ဆိုတာ ကလည်း အခက် အခဲ တွေရှိတယ် ဆိုတဲ့လူတွေ အတွက် ဆိုရင်တော့ မှန်မှာပေါ့။ အခု ကျွန်မမှာက ဘာအခက် အခဲမှကို မရှိဘူး။ အိမ်ထောင် မရှိတဲ့အတွက် အိမ် ထောင်ရေး အခက်အခဲ မရှိဘူး။ အလုပ် ပုံမှန် လုပ်နေတဲ့ အတွက် စားဝတ် နေရေးအတွက် ပူစရာ မလိုသေးဘူး။
လူတွေနဲ့ မရောတဲ့ အတွက် လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း ၊ ချီမွမ်းခြင်း ၊ ကဲရဲ့ခြင်း အဲဒါ တွေကို ကျွန်မ ကောင်းကောင်း သိတ်မသိဘူး။ အဲဒီတော့ ကျွန်မမှာ လူမှု့ရေးနဲ့ ပါတ်သက်တဲ့ အခက်အခဲ မရှိဘူး။ ကျွန်မဟာ ဥပဒေနဲ့ မကင်းတာတွေ ဘာမှမလုပ်ဘူး အဲဒီတော့ အမှု့ကိစ္စတွေ ဘာတွေ ကြိုပြီး ပူပင်စရာ မလိုဘူး။ ဒါတွေက ကျွန်မရဲ့ အယူအဆတွေပါ။ အဲဒီတော့ ကျွန်မအတွက် လောလော ဆယ်တော ယတြာတွေ ဘာတွေ တောင်းဖို့ မလိုအပ်သေးပါဘူး



ဟုကျွန်ုပ် လုံးဝ နားမလည် နိုင်သော စကားလုံး များဖြင့် ကျွန်ုပ်အား ပြောလေ၏ ထိုအခါ ကျွန်ုပ်က
ဒီမှာ မိန်းကလေး ဘယ်နှယ့် ဗေဒင် ဆရာအခန်း လာပြီး ဗေဒင် မယုံဘူး ဆိုတဲ့ စကားကို ပြော ထွက်ရတာလဲ။ မင်းအနေနဲ့ ဗေဒင်ကို ယုံလို့လည်း ရတယ်။ မယုံလို့လည်း ရ တယ်။ ဒါဟာ မင်းရဲ့ အခွင့်အရေး ပဲ။

ကျုပ်က မင်းကို ဗေဒင်ယုံပါ။ ဒါမှမဟုတ် ဗေဒင်ကို မယုံပါနဲ့လို့ ပြောဖို့ အခွင့် အရေး လည်းမရှိပါဘူး။ ဒါပေမဲ့ ဗေဒင်ကို မယုံရင် အပြင်မှာပဲ ပြောပါ။ ဗေဒင်ဆရာရဲ့ ဗေဒင် ဟောခန်းထဲမှာ ဗေဒင်ကို မယုံဘူး လို့ ပြောတာတော့ မင်းအနေနဲ့ တော်တော်လေး တရားလွန် နေပြီ။ ဆက်ပြီး ပြောနေဦးမယ် ဆိုရင် တော့ ကျုပ် သီးမခံနိုင် တော့ဘူး နော်။ ပြီးတော့ ဗေဒင်ဆရာ ဆိုပြီးတော့ ရန်မဖြစ်ရဲဘူး တော့ မထင် နဲ့နော်။ မလိုအပ် ရင်တော ဘာမှမလုပ်ဘူး။ လိုအပ်လာရင် လည်း အားလုံး ဘာမဆို လုပ်ဖို့ ၀န်မလေး ဘူး။
ဟုကျွန်ုပ်က ပြောလိုက်လျှင် ထိုမိန်းကလေးက

သိပါတယ်။ ကျွန်မကရှင်တို့အဘ မင်းသိင်္ခရဲ့ မှော်ဘီ မရမ်းတလင်း အယူတော် မင်္ဂလာခြံ ကိုရောက် ဖူးတာပဲ။ အဲဒီ မရမ်း တလင်း ခြံထဲမှာ လက်ဝှေ့ လေ့ကျင့်တဲ့ ကြိုးဝိုင်းတွေ တောင် တွေ့ခဲ့သေးတယ်။ ဘာလဲ ရှင်တို့အဘ မင်းသိင်္ခရဲ့ တပည့်တွေက လက်ဝှေ့ မသင် မနေရလား။ ဘာလဲ မြန်မာပြည် သား လက်ဝှေ့ ကလပ်ဆိုလား။ အဲဒီတော့ ရှင်လည်း ငါလက်ဝှေ့ ထိုးတတ်တယ် ဆိုပြီး ထောင်ထောင် မလုပ်နဲ့ ဗေဒင် ဆရာရေ။ ထောင်လွန်းအား ကြီးရင် လဲတတ်တယ်……

ဟု ကျွန်ုပ်အား မဆီမဆိုင် ပြောပြန်လေ၏။ ထိုအခါ ကျွန်ုပ်က
ကဲပါ မိန်းကလေး။ မင်းရဲ့ လာရင်း ကိစ္စကို ပြောပါဦး။ အကြောင်း မရှိပဲနဲ့တော့ ကျုပ်ဆီကို လာမယ့်ပုံ မရှိ လောက်ပါဘူး။ ဗေဒင်လည်း မမေးဘူး။ ယတြာလည်း မတောင်းဘူး ဆိုတော့ ဘာကိစ္စလည်း ပြော ပေတော့။
ဟု ကျွန်ုပ်က ပြောလိုက်လျှင်

လာရင်းကိစ္စ ကတော့ ဒါပါပဲ
ဟုပြောပြီး လျှင် သူ၏ စလင်းဘက် အိပ်ကို ဖွင့်၍ ပိုးကတ္တီပါစ ဖြင့် ထုပ်ထားသော အထုပ် ကလေး တစ်ထုပ် ကို ယူ၍ ကျွန်ုပ် ဗေဒင်ဟောသော ခုံပေါ်သို့ တရိုတသေ လှမ်းတင် လိုက်လေ၏။
ဒါ ဘာလဲ
ဟု ကျွန်ုပ်ကမေးလိုက်လေလျှင်

ဖွင့်ကြည့်ရင်သိမှာပေါ့
ဟု ထိုမိန်းကလေးက ပြောသဖြင့် ကျွန်ုပ်လည်း ၎င်းပေးသော ပိုးကတ္တီပါ စနှင့် ပတ်ထားသော အထုပ် ကလေးကို အသာလေး ဖြေကြည့် လိုက်လေရာ အဘ မင်းသိင်္ခ ထုပ်ဝေ ထားသော တားရော ထုပ်လေး ဖြစ် နေ သည်ကို အံသြဖွယ် တွေ့ရှိရလေသည်။ ထိုတားရော ထုပ်ထဲတွင် တားရော(၂၂)ချပ် ပါလေ၏။ နောက်ကျောတွင် အဘဆရာကြီး မင်းသိင်္ခ တားရော့ ထုံကူးနေသော ပုံနှင့် ဖြစ်၏။ ခုံတစ်လုံး ပေါ်တွင် တားရော့ များကို ဖြန့်ခင်းထား၏။ (crystal Ball )ခေါ် ဓါတ်ဖန်လုံး တစ်လုံးလည်း တင်ထား၍ အဘ မင်းသိင်္ခ လက်နှစ်ဖက်ကို ဖြန့်၍ တားရော့များကို ထုံကူးနေသောပုံ ဖြစ်လေ၏။ ကျွန်ုပ်လည်း လွန်စွာအံသြ သွားသော အမူအရာမျိုးဖြင့်
ဒီ…..တားရော့ ကဒ်လေး တွေက ဘယ်လို ဖြစ်လို့ မိန်းကလေး လက်ထဲ ရောက်နေရတာလဲ။
ဟု လွန်စွာ အံ့အားသင့်စွာဖြင့် မေးလိုက် လေလျှင် ထိုမိန်းကလေးက

ကျွန်မ ပြီးခဲ့တဲ့ နှစ်က မြန်မာပြည် ကို ခဏ ပြန်သွားခဲ့တယ်။ မြန်မာ ပြည်ခဏ ပြန်ရောက်တုန်း အဘ မင်းသိင်္ခရဲ့ အယူတော် မင်္ဂလာခြံကို သွားလည် ခဲ့တယ်။ မရမ်းတလင်း ခြံထဲကို ရောက်တုန်း အမှတ်တရ ပစ္စည်း တစ်ခုခု ၀ယ်မယ် ဆိုပြီး ဒီတားရော့ ထုပ်လေးကို ၀ယ်လာ ခဲ့တာပဲ။ အစ ၀ယ်လာတုန်း ကတော့ အဘ မင်းသိင်္ခရဲ့ တားရော့ စာအုပ်လေး ပါပါတယ်။ နောက်ပြီး ရှမ်းပြည် ပြန်တက် လာတဲ့ လမ်း ခရီးမှာ တားရော့ စာအုပ်တွေ ပျောက်သွားတယ်။ အခု ကျွန်မက တားရော့ ပညာကို လေ့လာချင်တယ်။ တတ် ချင်တယ် အဲဒါ ဆရာက နည်းနည်း ကူညီ ပေးနိုင် မလား။ ပြောပြ ပေးနိုင်မလား။
ဟု ပြောလေ၏။ ထိုအခါကျွန်ုပ်က
"မင်းပြောတော့ ဗေဒင်မယုံဘူးဆို"
ဟု ကျွန်ုပ်က စောဒက တက်လိုက်ရာ

ကျွန်မက ဗေဒင်သာ မယုံတာ။ တားရော့ကိုတော့ ယုံတယ်။ အဲဒီတော့ ရှင်က ကျွန်မကို တားရော့ အကြောင်း (က)ကနေ(အ) အထိ အစအဆုံး ပြောပြ ပေးနိုင်မလား။
ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

နံပါတ်(၁) ဒီနေ့က စပြီး ဗေဒင် မယုံဘူး ဆိုတဲ့ စကားကို လုံးဝ မပြော ရဘူး။ နံပါတ်(၂) ခင်ဗျား ဒီတားရော ပညာကို တတ်မြောက် သွားပြီ ဆိုရင် ကိုယ့်အတွက် တစ်ခုထဲ မကြည့်ရဘူး။ ဒုက္ခ အခက်အခဲ ကြုံတွေ့နေတဲ့ လူတွေကို တွေကြုံ လာခဲ့ရင် ကိုယ်တတ်နိုင် သလောက် ကူညီ ပေးရမယ်။ နံပါတ်(၃) တားရော့ ပညာနှင့် လူတွေဆီ က ပိုက်ဆံတွေ အလွန်အကျွန် မတောင်းရဘူး။ နံပါတ်(၄)ကျုပ်က ခင်ဗျားကို ဒီပညာတွေကို သင်ပေးတာ မဟုတ်ဘူး။ ပြောပြတာသာ ဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ ဒီပညာဟာ ကျုပ်ရဲ့ ကိုယ်ပိုင် ပညာ မဟုတ်ဘူး။ ကျုပ်လည်း အဘဆရာကြီး မင်းသိင်္ခ ဆီက သင်ယူခဲ့တဲ့ ပညာဖြစ်တယ်။

ဒါကြောင့် ဆရာ သခင်ဖြစ် တဲ့ အဘ မင်းသိင်္ခရဲ့ ပညာ ရပ်တွေကို တစ်ဆင့် ပြန်ပြောပြ တာသာ ဖြစ် တယ်။ ဒါကြောင့် ခင်ဗျားက ဆရာ တင်ချင်တယ် ဆိုရင် ကျုပ်ကို ဆရာ တင်စရာ မလိုဘူး။ အဘ ဆရာကြီး မင်းသိင်္ခ ကိုပဲ ဆရာ သခင်အဖြစ် ရင်ထဲ နှလုံးသား ကနေ လေးလေးနက်နက် ယုံကြည် ထားရမယ်။

နံပါတ်(၅) ဒီတားရော ပညာကို ပြောပြနေတဲ့ အချိန်တွေမှာ ကျုပ်နဲ့ ခင်ဗျားရဲ့ ကြားမှာ ဘာစီးကမ်းတွေ ဘောင် တွေမှ ရှိမနေကြေး။ ဆရာမို့လို့ ဒီလို နေရမယ်၊ ဒီလို ထိုင်ရမယ် ၊ဒီ လိုပြောရမယ်။ တပည့်မို့လို့ ဆရာ အပေါ်မှာ ဒီလို ဆက်ဆံ သင့်တယ် ဒီလို မဆက်ဆံသင့်ဘူး ဆိုတဲ့စီး ကမ်းတွေ မထားရဘူး။ လွတ်လပ် ပေါ့ပါးတဲ့ စိတ်နဲ့ ဒီတားရော့ ပညာကို ပြောပြမယ် ၊ ဆွေးနွေးမယ်။ ဒါတွေကို သဘောတူတယ်၊ လက်ခံတယ်ဆိုရင် စမယ်။ သဘော မတူဘူး လက်မခံဘူး ဆိုရင်တော့ ဒီအချိန်မှာပဲ လာလမ်း အတိုင်း လှည့်ပြန်ပေတော့
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ငြင်းစရာမရှိပါဘူး။
ဟုတိုတိုတုတ်တုတ် ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က
မင်း နာမည် ဘယ်သူလဲ
ဟု မေးလိုက်လေ၏။ ထိုအခါ သူမက

ကျွန်မနာမည်စောနန်းနွယ်ပါ။ အခုမှပဲ ဆရာလည်း ကျွန်မနာမည် သိရတော့တယ် ဟု အသံ လွင်လွင် ကလေးဖြင့် ရီမော၍ ပြန်ပြောလေ၏။ ဤသို့ဖြင့် အသွင် မတူသော ကျွန်ုပ်တို့ နှစ်ဦးသည် တစ်ခုတည်း ဂမ္ဘီရလမ်း ကြောင်းပေါ်တွင် အတူတကွ လျှောက်လှမ်းမိသော အဖြစ် သို့ရောက်ရှိ လေတော့၏။

ဒီလို စောနန်းဝေရဲ့။ ဒီတားရော့ ပညာနှင့် ပါတ်သက်လို့ သမိုင်းတွေက အမျိုးမျိုး ရေးသားခဲ့ကြတယ်။ ဘယ်သမိုင်း ကြောင်းက အတိတကျ မှန်တယ်လို့တော့ ဘယ်သူမှ အတိအကျမပြော နိုင်ဘူး။
ဒီတားရော့ကိုဘယ်သူကစတင်တီ ထွင်ခဲ့တာလဲ?
ဟု စောနန်းဝေကမေးလေ၏။ထိုအခါ ကျွန်ုပ်က

တားရော့ကို စတင်တီထွင် သူကို တော့ မသိရသေးပေမဲ့ တားရော့ ကို အရင်ဆုံး အသုံးချသွားတဲ့ သူ တွေကတော့ အီဂျစ်နိုင်ငံက ဖာရို မင်းဆက်တွေ ဖြစ်တယ်လို့ပြော ကြတယ်။ အီဂျစ် ဖာရိုမင်းဆက် တွေ ဂျူးနယ်မြေ တွေကို သိမ်းပိုက်တဲ့ အခါ တားရော့ ပညာအပြင် နောက်ထပ် ပညာရပ် တော်တော် များများ ရရှိခဲတယ်။
အီဂျစ်ဖာရို မင်းဆက် ပျက်စီး သွားပြီးတဲ့ နောက် ဒီပညာရပ် တွေဟာဥရောပ နိုင်ငံတွေဆီကို ရောက်ရှိလာခဲ့ တယ်လို့ဆိုတယ်။ အီတလီနိုင်ငံ ရောမမြို့မှာ ရှိတဲ့ ဘုန်းတော်ကြီး တွေက ဥရောပ နိုင်ငံတွေမှာ အရင်ဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ် 1442-ခုမှာ အီတလီ နိုင်ငံကို ဖဲချပ်တွေ စတင် ရောက်ရှိခဲ့တယ်။ အီတလီ လူမျိုးတွေက တားရော့ ကို တာရိုစီလို့ ခေါ်ခဲ့ကြတယ်။
1780-ခုနှစ်မှ စ၍ ပထမဆုံး မှော်ပညာ ပါဝင်တဲ့ တားရော့ (၇၈)ချပ်ကို ပြင်သစ်နိုင်ငံ မာဆိုင်းမြို့မှာ စတင်ပုံနှိပ် ထုပ်ဝေခဲ့တယ်။ အဲဒီ တားရော့ကို ဂျစ်ပစီ တွေက ကံကြမ္မာဖတ် ဗေဒင်အဖြစ် ဥရောပ တစ်ခွင် လှည့်လည် ဟောကြား ခဲ့ကြတယ်။ အဲဒီအချိန် အထိ ကံကြမ္မာ ဖတ်တဲ့ ဖဲထုပ်နဲ့ ကစားတဲ့ ဖဲထုပ် ရောနေသေးတယ် စောနန်း ဝေရဲ့

1800-ပြည့် ၀န်းကျင်မှာတော့ ကံကြမ္မာ ဖတ်တဲ့ ဖဲထုပ်နဲ့ ကစားတဲ့ ဖဲထုပ် ရောနေတဲ့ အတွက် ခွဲပြီး ထုတ်ဝေ ခဲ့ကြတယ်။ တားရော့မှာ ပါတဲ့ ခွက်ကို ဖူးနီ ၊ တုတ်ကို ညှင်း ဓါးကို စပိတ်နဲ့ ကြယ်ကို ထောင့်နီ အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့ကြတယ်။
1888-ခုနှစ် မှာတော့ အင်္ဂလန် နိုင်ငံမှာ ရွှေအရုဏ်ဦး ဆိုတဲ့တားရော့ အသင်းကြီးကို တရားဝင် ဖွဲ့စည်း တည်ထောင် ခဲ့ကြတယ်။ အဲဒီ အသင်းမှာ ကမ္ဘာကျော် တားရော့ ပညာရှင် တွေနဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်။

အဓိက ပြောပြချင် တာကတော ဟိုး….နှစ်ပေါင်း များစွာ ကတည်းကနေ ဒီနေ့ထိ တိုင်အောင် ဂျစ်ပစီ တွေဟာ ဒီတားရော့ကို လေးလေးနက်နက် မြတ်မြတ်နိုးနိုး သုံးစွဲခဲ့တယ်။
တားရော့ရဲ့ အဓိပ္ပါယ် ကတော့ တား=ဆိုတာကလမ်း ရော့=ဆိုတာက ရွှေနန်းတော်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် ရွှေနန်းတော်သို့ သွားရာလမ်းလို့ ငါတို့ရဲ့ အဘ ဆရာကြီးမင်းသိင်္ခက အဓိပ္ပါယ်ဖွင့်ဆို ပြောပြခဲ့တယ်။ ဒါ ကတော့ ငါသိသလောက် လေ့လာထားတဲ့ တားရော့နဲ့ ပါတ်သက်တဲ့ သမိုင်းကြောင်းပဲ။ ငါသိထားတာ ကလည်း နည်းလေးပဲ ရှိသေးတယ်

ဟု တားရော့ သမိုင်းကြောင်းနှင့် ပါတ်သက်၍ ကျွန်ုပ် သိထား သလောက် အနည်းငယ်ကို ပြောပြ လိုက်လေ၏။ ထိုအခါ စောနန်းဝေက
နေဦး…. ဆရာ စကားပြောရတာ အာချောက် နေဦမယ်။ အိပ်ချင်နေ ဦးမယ်။ ကျွန်မ ဆရာ့အတွက် ကော်ဖီ ဖျော်ပေးမယ်
ဟုပြောကာ ကျွန်ုပ်အတွက် စူပါ ကော်ဖီမစ် တစ်ခွက် ထ၍ဖျော်ပေး လေ၏။ ထိုနောက် စောနန်းဝေက
တားရော့မှာ အကုန်လုံးဘယ်နှစ် ချပ်ရှိသလဲ?
ဟု မေးပြန်လေ၏။ ထိုအခါ ကျွန်ုပ်က

တားရော့က အကုန်လုံး ဆိုရင် စုစုပေါင်း(၇၈)ချပ် ရှိတယ်။ အဲဒီ (၇၈)ချပ်ကို (၂)အုပ်စု ထပ်ခွဲတယ်။ မေဂျာကဒ် ၂၂ချပ်ရယ်၊ မိုင်နာကဒ် ၅၆ကဒ်ရယ်လို့ နှစ်အုပ်စု ထပ်ခွဲလိုက်တယ်။ မြန်မာလို ပြောရရင် တော့ အဓိကကဒ်၂၂ချပ်နဲ့ သာမညကဒ် ၅၆-ချပ်ပေါ့။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာရော အရှေနိုင်ငံတွေမှာ ပါတားရော့နဲ့ လူတွေရဲ့ ကံကြမ္မာ ကိုဖတ်တဲ့ နေရာမှာ အဓိက မေဂျာကဒ် ၂၂ချပ် ကိုပဲ အသုံးပြုကြ တာများပါတယ်။

ဟု ပြော၍ စောနန်းဝေ ဖျော်ပေးထား သော ကော်ဖီကို တစ်ကြိုက်လောက် မော့သောက် လိုက်ပြီးနောက် စီးကရက် တစ်လိပ်ကို မီညှိရှိုက်ဖွာ၍ မီးခိုးများကို ကောင်းကင် ပေါ်သို့ မှုတ်ထုပ် လိုက်လေ၏။ ထို့နောက် စောနန်းဝေက
တားရော့ တစ်ထုပ်ဝယ် လိုက်ရင် ဘာလုပ်စရာ လိုသေးလဲ။ ဒီအတိုင်းစပြီး သုံးလို့ ရပြီလား။ တားရော့ တစ်ထုပ် လက်ထဲကို ရောက်လာ ပြီဆိုရင် ဘာတွေလို အပ်သလဲ။ ဘယ်လို ထပ်လုပ်ပေး ရမလဲ။ ဘာတွေ ဆောင်စရာ ရှောင်စရာလိုလဲ။ နောက်ပြီး ဘာ တွေထပ်ပြီး ကျင့်ပေးဖို့လိုသေးလဲ
ဟု စောနန်းဝေကထပ်၍မေးလေ၏။ ထို့ကြောင့် တားရော့တစ်ထုပ် လက်ထဲ ရောက်လာပြီဆိုရင် လိုအပ်သည်များ ကို စောနန်းဝေအား ဆက်လက်၍ ပြောပြရလေ၏။

ပထမဆုံး ကိုယ်ဆီရောက်လာတဲ့ တားရောကို အစွမ်းကုန်ချစ် မြတ်နိုးရမယ်။မိမိရဲ့တားရော့ကို အိပ်ကလေး တစ်အိပ် ဒါမှမဟုတ် ဗူးကလေး တစ်ဗူးနဲ့ သီသီးသန့်သန့် ထည့်ရမယ်။မိမိတားရော့ကို ကိုင်ကာနီတိုင်း လက်ကို ရေမွှေးနဲ့စွတ်ပြီး ဆေး ကြော ပစ်ရမယ်။မိမိဆီကို တားရော့ ရောက်တဲ့ နေ့ကစပြီး အဲဒီ တားရော့ကို ရက်ပေါင်း (၆၀)လောက် ကိုယ်အိပ်တဲ့ ခေါင်းအုန်း အောက်မှာ ထားပြီး အိပ်ရမယ်။တားရော့ တစ်ထုပ် လုံးကိုရော တစ်ချပ် ခြင်းကိုရော မကြာခဏ ချစ်မြတ်နိုးစွာ နမ်းပေးရမယ်။

ကိုယ် ညအိပ် ညနေ ဘယ်ကိုပဲ သွားသွား မိမိရဲ့ တားရော့ကို မ ထားခဲ့ရဘူး။ အမြဲတမ်း ကိုယ်နဲ့ မကွာ ယူဆောင်သွားရမည်။ကိုယ် မွေးမြူ ထားတဲ့ တားရော့ကို သူတပါးကို လုံးဝ မငှားရဘူး။ ကိုက်ကလည်း သူတစ်ပါးရဲ့ တားရော့ကို လုံးဝ ငှားမကိုင်ရဘူး။တားရော့ကို ကြုံတဲ့နေရာ တွေ့တဲ့နေရာမှာ ချပြီး မဟောရဘူး။ ခုံ တစ်လုံးပေါ်မှာ အနက်ရောင် တားရော့ အခင်းကို ခင်းပြီးမှ ဟောရမယ်။ နောက် ဘယ် နေရာမှာပဲ တားရော့ ဟောဟော အမွှေး တိုင် ထွန်းရမယ်။တားရော့ ဆရာရဲ့ အသုံးအဆောင် အဖြစ် မိမိရဲ့တားရော့ ဟောတဲ့ ခုံပေါ်မှာတုတ်၊ ခွက်၊ ဓား ကြယ်ဆိုတဲ့ အဆာင်လေးမျိုး ကို တင်ထားရမယ်။တားရော့ ဟောခါနီးပြီ ဆိုရင် မိမိရဲ့ တားရော့ကို အတည်ငြိမ်ဆုံး ပုံစံဖြင့် ကုလားဖန် (၃)ကြိမ် ထိုးရမယ်။

တားရော့ ဟောနေတဲ့ အချိန်မှာ အရေးအကြီးဆုံးက မိမိရဲ့ တားရော့ အပေါ်မှာ မိမိက သစ္စာ ရှိရမယ်။ တားရော့ နိမိတ်တွေက မကောင်းဘူး ပြရင် မကောင်းဘူး လို့ ဟောရမယ်။ ကောင်းတယ်လို့ ပြရင် ကောင်းတယ်လိုပဲ ဟောရမယ်။ တားရော့ မေးတဲ့လူနဲ့ ကိုယ့်ကြားမှာ ရှိတဲ့ ကိုယ်ရေး ကိုယ်တာ စိတ်ခံစားချက်တွေ ၊ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ နာကျဉ်းခြင်း စတဲ့ စိတ်ခံစားချက် တွေကို မရှိရ လေအောင် လေ့ကျင့် ထားရမယ်။ မိမိစိတ်ကို ဗလာ ဖြစ်အောင် လေ့ကျင့် ထားရမယ်။ ဗလာကျင့်စဉ် အကြောင်းကို နောက်မှ ပြောပြမယ်။နောက်ဆုံး တစ်ခုက တားရော့ ဟောခါနီးတိုင်း မိမိရဲ့ တားရော့ကို မိမိရဲ့ရင်ဘတ် နှလုံးသား နေရာမှာ အပ်ပြီး တားရော့အနှိုး မန္တာန်ကို အလေးအနက် ရွတ်ဆိုရမယ် စောနန်းဝေရေ…..

ဟု တားရော့မွေးနည်းနှင့် တားရော့အတွက်လိုအပ်သည်များကိုလည်း ပြောပြ လိုက်လေတော့၏။ ထိုအခါ စောနန်းဝေက
အင်း….လွယ်တော့ မလွယ်ဘူး။ အစတုန်းကတော့ ဒီတားရော့ ပညာဟာ ဒီလောက် အသေးစိပ် မယ်လိုတောင် မထင်မိဘူး။ ပုံတွေ ကြည့်ပြီး ဟောရတာဆို တော့ တောတော် လွယ်မှာပဲလို့ တွေးမိခဲ့ တယ်။ အခု သေသေချာချာ ကျကျနန လေ့လာလိုက်စား ကြည့်တောမှ တားရော့ပညာဟာ တော်တော် လေးနက်ပြီးနက်ရှိုင်း မှန်း သိရတော့တယ်……
ဟု စောနန်းဝေကပြောလေ၏။ထိုအခါ ကျွန်ုပ်က

အော်….စောနန်းဝေရ။ ဒီတားရော့ ပညာဟာ ဘယ်လောက် တောင် နက်ရှိုင်း လေးနက်သလဲ ဆိုရင် ဘ၀ရဲ့လမ်း ညွန်မှု့တွေတောင် ပေးနိုင်တယ်။ ဗေဒင်ဟောတဲ နေရာမှာတင် မဟုတ်ဘူး နောက်ဆုံး ဒီပညာနဲ့ ထွက်ရပ်ပေါက် အကျင့်စခန်း ထိအောင် တောင်သွား လို့ရတယ်လို့ ငါတို့ရဲ့ အဘ ဆရာကြီး မင်းသိင်္ခ ကိုယ်တိုင် သင်ကြား ပေးခဲ့တယ်။
ဒါကြောင့် ဒီလောက် လေးနက်တဲ့၊ နက်ရှိုင်းတဲ့၊ တားရော့ ပညာကိုလည်း လေ့လာ လိုက်းစားတဲ့ အခါမှာ မိမိဟာ ဆိုရင် သာမန် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်တော့ဘူး။ အင်မတန် ရှေး ကြပြီး အလွန် လျှို့ဝှက်တဲ့ ပညာ ရပ်တွေကို အသုံးပြု နေတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်လို့ ခံယူထားရမယ် စောနန်းဝေရေ….
ဟု ကျွန်ုပ်က ပြောလိုက်လျှင်
ကောင်းပါပြီ ဆရာ

ဟု စောနန်းဝေက ပြန်ပြောလေ၏။ ထို့နောက် တားရော့ ဟောရာတွင် ရွတ်ဆိုရသော တားရော့ မန္တာန် ကိုပါ တစ်ခါတည်း အောက်တွင် ဖော်ပြပေး ထားတဲ့ အတိုင်း ရွတ်ဆိုပြ လိုက်လေ တော့သတည်း။

(၀)အရူးတားရော့ကတ်အကြောင်း

ဒီကတ်ပြားမှာ ခြေဦးတည်ရာ လျှောက်သွား နေတဲ့ အရူးတစ်ယောက်ကို တွေ့ရပါ့မယ်။ အရူး ဟာ တုတ်တစ်ချောင်းမှာ အထုပ် တစ်ထုပ် ထမ်းထားပါတယ်။ ဂန္ဓာရီ ပညာရှင်များက မသိ နားမလည်ခြင်း အ၀ိဇ္ဇာ အထုပ်ကို ထမ်းထားတာလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အရူး ဟာ သူ့ရဲ့ ဖိနပ်ကို မစီးဘဲ ထမ်းထားတာ လို့လည်း ဆိုကြပါတယ်။

မသိ နာမလည်တဲ့ အရူးဟာ ရှေ့ကို လှမ်းလိုက်ရင် ချောက်ထဲကို ကျတော့မှာပါ။ သူ့ရဲ့ နောက်ကလည်း ခွေးတစ်ကောင်က လိုက်လာပါတယ်။ ဒီကတ်ပြားကို ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးသဘော ယူဆရမှာပါပဲ။ အားလုံးကို ခြုံပြီး စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး အရူးကတ်ပြား ကျလာခဲ့ပြီဆိုရင်...
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ ရူးသွတ်ခြင်း၊ ကယောင် ချောက်ခြား ဖြစ်ခြင်းတွေနဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို ဆိုးရူး လို့ အလွယ် မှတ်ထားနိုင်ပါတယ်။


  • ရူးလောက်အောင် ဖြစ်သည် ဆိုသော အဖြစ်မျိုးများနှင့် ကြုံရတတ်သည်။
  • ခု တစ်မျိုး၊ တော်ကြာ တစ်မျိုး စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ယောင်ချာချာ ဖြစ်နေမည်။
  • ထိုင်ရတော့ မလိုလို ၊ ထရတော့ မလိုလို ၊ ဆက်လုပ်ရတော့ မလိုလို ၊ ရပ်ရတော့ မလိုလို အဖြစ်မျိုးများ ကြုံမည်။
  • တောင်စဉ် ရေမရ ခရီးတိုများ ဆက်တိုက် သွားနေရတတ်သည်။
  • ခြေထောက်ပိုင်း ။ ဖိနပ်ပိုင်း ဒုက္ခပေးတတ်သည်။
  • မိုက်မဲ ရူးသွတ်စွာ တဇွတ်ထိုးတဇောက်ကန်း လုပ်မှု့ကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ကြုံရ တတ်သည်။
  • လုပ်သမျှ ကြံသမျှ တွေးသမျှ ဆုံးဖြတ်သမျှ အလွဲလွဲ အချော်ချော် အမှားမှား အယွင်းယွင်း ဖြစ်နေရတတ်သည်။
  • အပိုင် တွက်ဆထားသော စီစဉ်ထားသော ကိစ္စများ လွဲချော် ပျက်ယွင်း သွားရတတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေ အဟောထုတ်နိုင် ပေတာပေါ့ဗျာ.....။

  • (၂၁)ကမ္ဘာလောကတားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ မိန်းကလေး တစ်ဦးဟာ ပျော်ရွှင် မြူးတူးစွာနဲ့ ကမ္ဘာတစ်ပတ် ခရီးဆန်နေတဲ့ နိမိတ်ပုံကို ပြထားပါတယ်။ မကောင်းသော အနိဋ္ဌ သဘောတွေ မပါတဲ့ အတွက် ဒီကတ်ပြား ကို အကောင်းလို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

    လွတ်လတ်ခြင်း ၊ ကျယ်ပြောခြင်း ၊ ခရီးရှည် စတာတွေနဲ့ ပတ်သက်နေပါတယ်။ နံပါတ်(၁၀) ကတ်ပြားတုန်းက ပြောခဲ့တဲ့ စဖင့်ရုပ်ကြီးက သတ္တ၀ါ လေးမျိုးနဲ့လည်း ပါတ်သက်နေပါတယ်။ မိန်းမပျိုဟာ လက်ထဲမှာ တုတ်ကလေး နှစ်ချောင်းကို ကိုင်ပြထားပါတယ်။ နှစ်ခု နှစ်ခွ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ပြောနိုင် ပေတာပေါ့။

    မိန်းမပျိုရဲ့ ဘေးမှာ စက်ဝိုင်း တစ်ခုနဲ့ ပတ်ရံထားပါတယ်။ အဲဒါက မြွေဟာ ကိုယ့်အမြီးကိ ပြန် မျိုထားတဲ့ ပုံ ဖြစ်ပါတယ်။စက်ဝိုင်း တစ်ပတ် လည်တဲ့ သဘော မူလနေရာ မူလ အလုပ်ကို ပြန်ရောက်တဲ့ သဘောမျိုးတွေကို ဟောနိုင်ပေတာပေါ့။ အဲဒါတွေကို ခြုံငုံ လိုက်တဲ့အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ် ၂၁- ကမ္ဘာလော က ကတ်ပြား ကျလာခဲ့ရင် ...

    ကောင်းသည် ၊ ရသည် ၊ အောင်မြင်မည် ဆိုတာတွေကိုပဲ ဟောရမှာပေါ့။ ကမ္ဘာနှင့် အ၀ှမ်း ကျယ်ပြောခြင်း ဆိုတဲ့ အဓိပ္ပါယ် ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းကမ္ဘာ လို့လည်း အလွယ် မှတ်ထား နိုင်ပါတယ်။


  • ရပ်ဝေးမှ ပြည်ပမှ အဆက် အသွယ်ကောင်း အချိတ်အဆက် ကောင်းများ ရလာမည်။
  • ရပ်ဝေးမြေခြား ခရီး ၊ နိုင်ငံခြား ခရီးများ သွားရတတ်သည်။
  • အလုပ်နှစ်မျိုး ၊ ၀င်ငွေ နှစ်မျိုး ၊ အောင်မြင်မှု့ နှစ်မျိုး ကြုံရတတ်သည်။
  • အကြံသစ် ၊ ညဏ်သစ် ။ စိတ်ကူးသစ်များ ရရှိမည်။
  • ရပ်ဝေးမှ သတင်းကောင်း ၊ ဧည့်သည်ကောင်း များလည်း ရောက်ရှိ လာတတ်သည် ဆိုတဲ့ ဟောကိန်းတွေ အဟော ထုပ်နိုင်ပါကြောင်း......

  • (၂၀)ရှင်ပြန်ထမြောက်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ ကောင်းကင် တမန်တော်က တံပိုးခရာ မှုတ်ပြီး နှိုးလိုက်တဲ့ အခါမှာ သချိုင်း ကုန်းက သေနေသူတွေ ပြန်ပြီး ရှင်သန် ထမြောက်လာတဲ့ နိမိတ်ပုံတွေကို တွေ့ရပါတယ်။ သေနေတဲ့ လူတွေတောင် ပြန်ရှင်လာတယ် ဆိုတော့ ဒီကတ်ပြားကို အကောင်း သဘောပဲ ယူဆ ရမှာပေါ့။

    ပျောက်နေတဲ့ သူတွေ ပြန်တွေ့မယ်။ ကွဲကွာနေတဲ့ သူတွေ ပြန်ဆုံမယ်။ မိတ်ဟောင်း ဆွေဟောင်း တွေနဲ့ ပြန်တွေ့မယ်။ ထွက်နေ ပျောက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်ပြီး ရတတ်တယ် ဆိုတဲ့ သဘောတွေကို အဟော ထုပ်ရမှာ ပေါ့ ခင်ဗျာ။

    ဒီကတ်ပြားမှာ လည်း တစ်ခု သတိထားရမှာက မေးတဲ့ မေးခွန်းအပေါ် မူတည်ပြီင်္း အဖြေဟာ အများကြီး ပြောင်း သွားနိုင်ပါတယ်။ ကျွန်တော့် အဖိုး အသည်း အသန် ဖြစ်နေတယ်။ သူ့ရဲ့ အခြေအနေကို ကြည့်ပေးပါ လို့ မေးလာလို့ ဒီကတ်ပြား ကျလာခဲ့ရင် သူ့အဖိုးကို မေးတာ ဖြစ်တဲ့ အတွက် သူ့အဖိုး အသက်မသေ ပြန်ရှင်မယ် လို့ ဟောနိုင်ပါတယ်။

    အဲဒီလို မဟုတ်ပဲ ကျွန်တော် အဖိုး လေဖြတ်ပြီး အိပ်ယာထဲ လဲနေတယ်။ အဲဒီ ရောဂါ အခြေ အနေလေး သိချင် လို့ပါ လို့ မေးလာခဲ့ရင် ရောဂါကို မေးတာ ဖြစ်တဲ့အတွက် ရောဂါဟာ ပြန်ရှင်လာမယ်။ အားကောင်းလာမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်လာပါတယ်။ ရောဂါ အားကောင်းလာမှာ ဖြစ်တဲ့ အတွက် သူ့အဖိုးရဲ့ အသက်ဟာ စိုးရိမ် ရေမှတ်ကို ရောက်သွားပြီလို့ ပြောရမှာပါပဲ...။ အဲဒီတော့ ဘယ်လို မေးခွန်းကိုပဲ မေးမေး နံပါတ်(၂၀) ရှင်ပြန် ထမြောက် ကတ်ပြား ကျလာခဲ့ရင်....


  • ကော်းသည် ၊ ရမည် ၊ အောင်မြင်မည် ရယ်လို့ပဲ အဟော ထုပ်ရမှာပေါ့။ အသစ်တစ်ဖန် ပြန်ဖြစ်ခြင်း ဆိုတဲ့ သဘော လေးကိုပါ တွဲပြီး ဒီကတ်ပြားကို ကောင်းရှင်ပြန် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ထွက်နေ ၊ ဆုံးရှုံးနေသော ငွေများ ၊ ပစ္စည်းဟောင်း များ အခွင့်အရေး ဟောင်းများ ပြန်ရလာမည်။
  • ကွဲကွာနေသူများ ပျောက်ဆုံးနေ သူများနှင့် ပြန်လည် ဆုံတွေ့ရတတ်သည်။
  • လုပ်ငန်းဟောင်း ။ နေရာဟောင်း ၊ အဖြစ် အပျက်ဟောင်းများနှင့် ပြန်ကြုံရတတ်သည်။
  • အံ့သြစရာ ကောင်းလောက်အောင် အကူ အညီ ကောင်းပေးမည့် သူများ ပေါ်လာမည်။
  • ကျန်းမာရေး ညံ့နေလျှင် ဆရာကောင်း ဆေးကောင်းများနှင့် ကြုံမည် ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

  • (၁၉)နေမင်း၏သားတော်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားဟာ သူရိယ နေမင်းကြီးကို ကိုယ်စားပြုတဲ့ ကတ်ပြား ဖြစ်ပါတယ်။ အချို့ ဂန္ဓာရီ ပညာရှင် များက ကျတော့လည်း နေမင်းကြီး မဟုတ်ဘူး ။ နေမင်းကြီးရဲ့ သားတော်လေး ဖြစ်တယ်လို့ ယူဆကြ ပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို “နေမင်း၏ သားတော် ” လို့ လည်း ခေါ်ဝေါ်ကြပါတယ်။

    သူရဇ္ဇလို့ ခေါ်တဲ့ သူရဇ္ဇ နေမင်းကြီးဟာ ကျွန်တော်တို့ စကြာဝဠာမှာ အကြီးမားဆုံး ။ အလင်းလက် ဆုံး အရှိန်အ၀ါ အထက်မြက်ဆုံး ဖြစ်ပါတယ်။ ဒီစကြာဝဠာရဲ့ အသက်ဓာတ်လို့ သတ်မှတ်ကြပါတယ်။

    အဲဒိတော့ ဒီကတ်ပြားကို အကောင်းသဘော လို့ ယူဆရမှာ ဖြစ်ပါတယ်။ နာမည် ဂုဏ်သတင်း ကြီးမားခြင်း ၊ အရှိန်အ၀ါ သြဇာအာဏာ ထက်မြက်ခြင်း ၊ တစ်ပါးသူတို့ကို ကူညီ ထောက်ပံ့ နိုင်ခြင်း ဆိုတဲ့ သဘောတွေကို ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။
    နေမင်းကြီးရဲ့ သားတော်ဟာ မြင်းတစ်ကောင်ကို စီးပြီး ပျော်ရွှင်စွာ ခရီး ထွက်လာခဲ့ပါတယ်။ အဲဒီတော့ အောက်လက်ငယ်သား သားသမီး တို့နှင့် ပါတ်သက်ပြီး သတင်းကောင်း ကြားရခြင်း ၊ ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုးထူး သောခရီးများ သွားရခြင်း ဆိုတာတွေလည်း ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာမေးလာ နံပါတ်(၁၉) နေသူရိန် ကတ်ပြား ကျလာ ခဲ့ရင် .......

    1. ဖြစ်မည် ရမည် အောင်မြင်မည် ဆိုတဲ့ အဟောတွေပဲ ဟောရမှာ ဖြစ်ပါတယ်။ လောကမှာ ထယ်ဝါ ထင်ပေါ်တဲ့ သဘော ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းထင်ပေါ် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
    2. အောက်လက်ငယ်သား ၊ သားသမီး တို့နှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။
    3. နာမည် ဂုဏ်သတင်း တိုးတက်ခြင်း သြဇာ အာဏာ တိုးတက်ခြင်းများ ဖြစ်လာမည်။
    4. ၀န်ထမ်းဆိုလျှင် ရာထူးတိုး တက်မည်။
    5. ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုး ထူးသော ခရီးများ သွားရလိမ့်မည်။
    6. ရပ်ဝေးက သတင်းကောင်း ၊ ဧည်သည်ကောင်းများ ရောက်လာမည်။
    7. ကား ၊ ဆိုင်ကယ် ၊ စက်ဘီး စသော ယာဉ်များ ၀င်လာတတ်သည် စသော ဟောကိန်းများ အဟောထုပ် နိုင်ပေတာပေါ့ဗျာ...။

    (၁၈)လမင်းစန္ဒတားရော့ကတ်အကြောင်း

    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ လနတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လမင်းစန္ဒာဟာ ထွန်းလင်းတယ်။ အေးမြတယ်။ ဟိုး မိုးကောင်းကင်ပေါ် အမြင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို အကောင်းလို့ ယူဆချင်ဖွယ်ရာ ရှိပါတယ်။

    ဒါပေမဲ့ လနတ်သမီး ခင်ဗျာ မနာ လိုသူ များက မျက်နှာကို ကိုက်ဖဲ့ ကုတ်ခြစ်ထားခြင်းကို ခံစား ထားရတဲ့ အတွက် ဒဏ်ရာ ဗရပွနဲ့ သွေးစက်တွေ တပေါက်ပေါက် ကျနေပါတယ်။ အဲဒါကြောင့် ဒီကတ်ပြားကို သွေးထွက်သော လမင်း ရယ်လို့လည်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ဟိုး..အောက် မြေပြင် ရေစပ်မှာတော့ ကိုက်ဖဲ့ ကုတ်ခြစ်တတ်တဲ့ ၊ ရန်လိုတတ်တဲ့ တိရစ္ဆာန် သုံးကောင်ဟာ လမင်းကြီးကို ငေးမျှော်ပြီး ကြည့်ရှု့ နေပါတယ်။

    အကောင်း သဘော ကြည့်တာမျိုး မဟုတ်ပါဘူး။ ရန်လို စွာ ကြည့်နေတာ မျိုးပါ။ ဒါပေမဲ့ သူတို့ အနေနဲ့ လမင်း ကြီးကို ရန်ပြု ယှဉ်ပြိုင်ဖို့ ဆိုတာဟာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ ရန်ပြုမယ် ဆိုရင်လည်း ကောင်းသော ယှဉ်ပြိုင်ခြင်း မျိုးနဲ့တော့ ယှဉ်ပြိုင်ဖို့ရာ မလွယ်ပါဘူး။ ညစ်တဲ့နည်း ၊ အကောက် ကြံတဲ့နည်း ၊ ယုတ်မာတဲ့နည်း တွေနဲ့သာ ရန်လုပ်ကြမှာ ဖြစ်ပါတယ်။

    ရန်လိုသူတွေ ရှိနေတဲ့ အတွက် လမင်းကြီး ခမျာ စိတ်ညစ်နေရ ရှာပါတယ်။ ရန်သူတွေကလည်း ညစ်မဲ့ ရန်သူ တွေပါ။ သူညစ် ကိုယ်ညစ် နှစ်ယောက် ညစ်ရမယ့် အခြေအနေ မျိုးပေါ့။ ဒါကြောင့် ဒီကတ်ပြားကို အဆိုး သဘောအဖြစ်နဲ့ ယူဆ ဟောပြောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာ မေးလာ နံပါတ်(၁၈) လမင်းစန္ဒာ ကတ်ပြား ကျလာခဲ့ရင် .....


  • မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ရယ်လို့ အဟောထုပ်ရမှာ ဖြစ်ပါတယ်။ သူညစ် ကိုယ်ညစ် နှစ်ဦးနှစ် ဘက် ညစ်စရာ လေးတွေကို အကြောင်းပြုပြီး ဆိုးညစ်ရယ်လို့ အလွယ်မှတ် ထားနိုင်ပါတယ်။
  • မနာလို ရန်လိုသူ ။ မကောင်းကြံလိုသူ ၊ အကောက် ကြံမည့်သူများ ရှိနေတတ်ပါသည်။
  • စွပ်စွဲနာမည် ဖျက်ခြင်း ၊ အကြောင်းမဲ့ ရန်လုပ် ပုတ်ခတ်ခြင်းများ ကြုံလာရ တတ်သည်။
  • အထူးသဖြင့် လူသုံးဦး ပေါင်း၍ မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လာတတ်သည်။ ထိုလူများ သည် မြစ်နား ချောင်းနား ကန်နား နီးလိမ့်မည်။
  • ဘာပဲ လုပ်လုပ် ဘာပဲ ပြောပြော အကောင်းမြင် မခံရခြင်း ကြုံနေတတ်သည်။
  • ခွေး ။ ကြောင် ၊ ကြက် ...စသော တိရစ္ဆာန်များကို အကြောင်းပြု၍ အန္တရာယ် ကြုံခြင်း ၊ စကားများ ဖြေရှင်း ရခြင်းများ ကြုံတွေ့တတ်သည် စသော ဟောကိန်းတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

  • (၁၇)ဓူဝံကြယ်တားရော့ကတ်အကြောင်း

    ဒီကတ်ပြားမှာ ဓူဝံကြယ် နတ်သမီးဟာ လက်ထဲမှာ ရေအိုး နှစ်လုံးကို ကိုင်ပြီး ကုန်းပေါ်မှာ တစ်လုံး၊ ရေထဲမှာ တစ်လုံး ရေတွေ သွန်လောင်းနေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လောကရဲ့ အ သက်ဓာတ်ကို သွန်လောင်းနေတဲ့ နိမိတ်ပုံ ရယ်လို့ အဆိုရှိပါတယ်။

    ကြယ်ဆိုတာ ထွန်းလင်း တောက်ပတဲ့ သဘော ၊ ထင်ရှား အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ် ပါတယ်။ ဒီကတ်ပြားမှာ သတ်ဟယ် ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ် နိမိတ်ပုံ ဆိုးတွေ မပါပါဘူး။ အဲဒါကြောင့် အကောင်းသဘော ဆောင်တဲ့ ကတ်ပြားလို့ ယူဆရမှာ ဖြစ်ပါတယ်။

    တားရော့ ကတ်ပြားတွေမှာ အ၀တ် အစား မပါခြင်းဟာ ညစ်ညမ်းတဲ့ သဘောမျိုး မဟုတ် ပါဘူး။ လွတ်လတ် ခြင်းရဲ့ သဘော သဘာဝကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီကတ်ပြားမှာ အောင်မြင်ခြင်း ၊ ဂုဏ်သတင်း ကျော်စောခြင်း ၊ ကျန်းမာခြင်း ဆိုတာတွေကို ထည့်ပြီး ဟောရမှာပေါ့။

    နောက်တစ်ခု ကတော့ ကမ္ဘာ့ဂန္ဓာရီ ပညာမှာ ကြယ်ပွင့်ကို လာဘ်ရွင်ခြင်းရဲ့ နိမိတ် အဖြစ် တင်စားလေ့ ရှိပါ တယ်။ အဲဒါကြောင့် ဒီကတ်ပြားဟာ ငွေကြေး လာဘ်လာဘ ရွှင်လန်းခြင်းရဲ့ နိမိတ်ကိုလည်း ဖော်ညွန်းနေပါ တယ်။ အဲဒိတော့ ဘယ်လို မေးခွန်းမျိုးကို ပဲမေးလာ မေးလာ နံပါတ်(၁ရ) ဓူဝံကြယ် တားရော့ ကတ်ပြား ကျလာ ခဲ့ပြီဆိုရင်......

    ရမယ် ၊ ဖြစ်မယ် ။ ကောင်းမယ် ၊ အောင်မြင်မယ်လို့ အဟော ထုပ်ရမှာပါပဲ။ ကြယ်ပွင့် လေးတွေဟာ အမှောင်ကြား ထဲက တဖျပ်ဖျပ် ပွင့်နေပါတယ်။ ကံကြမ္မာရဲ့ ပွင့်လန်းခြင်း ၊ လာဘ်လာဘရဲ့ ပွင့်လန်ခြင်း အဓိပ္ပာယ်တွေ နဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို “ကောင်းပွင့်” လို့ အလွယ် မှတ်ထားနိုင်ပါတယ်။


  • ကံကြမ္မာ ပွင့်လန်းမည်။ အဘက်ဘက်က အခြေအနေကောင်း ၊ အခွင့် အလန်းကောင်းများ ကြုံလာလိမ့် မည်။
  • ငွေကြေး၊ လာဘ်လာဘ လည်း ပွင့်လန်းမည်။ ထီပေါက်သကဲ့သို့ ငွေများ ၀င်လာလိမ့်မည်။
  • ၀န်ထမ်း ဆိုလျှင် ရာထူးတက်ခြင်း ၊ အခွင့်အရေး ကောင်းများ ကြုံခြင်းများ ကြုံရမည်။
  • ကိုယ်ပိုင် လုပ်ငန်းများ အောင်မြင်မှု့ ကြီးစွာ ကြုံပြီး တိုးချဲ့ရလိမ့်မည်။
  • ကျန်းမာရေး ညံ့လျှင် ရက်ပိုင်းအတွင်း ပြန်လည် ကျန်းမာ ကောင်းမွန် သွားလိမ့်မည်။
  • နာမည်ဂုဏ်သတင်း ကျော်စောခြင်း ဆုထူး ဘွဲထူး ရခြင်းများ ကြုံရတတ်သည်။
  • ငွေများ ၊ ပစ္စည်းများ ၀င်သော်လည်း သဲထဲ ရေသွန် ဆိုသကဲ့သို့ မစုဆောင်း မိခြင်း မမြဲခြင်းများ ကြုံရတတ်သည်။
  • လျှပ်စစ် မီးကိစ္စများ စီစဉ်လျှင် အောင်မြင်မည်။
  • ရေတွင်း ၊ ရေကန် ၊ ရေပိုက်ကိစ္စများ စီစဉ်လျှင် အောင်မြင်မည် ဆိုတဲ့ ဟောချက်မျိုးတွေကို အပိုင် အနိုင် ဟောနိုင်ပေတာပေါ့ဗျာ.......။

  • (၁၆)မျှော်စင်တားရော့ကတ်အကြောင်း

    ဒီကတ်ပြား ကတော့ မိုးကြိုး ပစ်ချ လိုက်လို့ ပြိုကျ ပျက်စီး နေတဲ့ မျှော်စင်ကြီး ရဲတိုက်ကြီး တစ်ခုရဲ့ ပုံဖြစ်ပါတယ်။ မျှော်စင်ကြီးဟာ မီးလောင် ပျက်စီးနေပါတယ်။ အဲဒီ မျှော်စင်ပေါ်က လူတွေ လွင့်စဉ် ကျလာပါတယ်။ အဲဒီတော့ ဒီကတ်ပြားဟာ အင်မတန် ဆိုးတဲ့ ကတ်ပြားရယ်လို့ သိသာ နိုင်ပါတယ်။

    မိုးကြိုး ပစ်တယ်ဆိုတာ သဘာဝ ဘေးအန္တရာယ် ကြီးတစ်ခု ကြုံတာပါပဲ။ မိုးကြိုး ဆိုတာ လျှပ်စစ် ဒုက္ခ ပေးတာ ပါပဲ။ အဲဒီတော့ သဘာဝ ဘေးအန္တရာယ် ။ လျှပ်စစ် အန္တရာယ် ၊ မီးအန္တရာယ် ၊ အိုးအိမ် နေရာ ထိုင်ခင်းများ ဆုံးရှုံး ခြင်း ၊ ပျက်စီးခြင်း ၊ လူများ ထိခိုက် ဒဏ်ရာရခြင်း ။ ဥစ္စာ ပစ္စည်းများ ဆုံးရှုံးခြင်း ဆိုတဲ့ နိမိတ်ဆိုးများ ပြွန်းတီးနေတဲ့ ကတ်ပြား တစ်ချပ် ဖြစ်ပါတယ်။ အင်မတန် ဆိုးပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကို မေးမေး နံပါတ်(၁၆) မျှော်စင် ဆိုတဲ့ ကတ်ပြား ကျလာခဲ့ရင် ....

    ဆိုးသည် ၊ ညံ့သည် ၊ မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင် နိုင်ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ မျှော်စင် ကြီး ပြိုကျ ပျက်စီးခြင်းဟာ တော်တော် ဆိုးပါတယ်။ နည်းနည်းပါးပါး ပြုပြင် ဖာထေးရုံ လောက်နဲ့ ပြန်မ ကောင်းနိုင်တော့ ပါဘူး။ ဘ၀ ပျက်တယ်ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဒါကြောင့် ဒီကတ်ပြားကို “ဆိုးပျက်”ရယ် လို့ အလွယ် မှတ်ထားနိုင် ပါတယ်။


  • မထင်မှတ်သော ရုတ်တရက် အန္တရာယ်များ ကြုံရတတ်သည်။
  • မီးဘေး ၊ လျှပ်စစ်ဘေး အထူး သတိထားရမည်။
  • အိုးအိမ် နေရာ ထိုင်ခင်း အတွက် သောက ရောက်ရတတ်သည်။
  • လက်ရှိအိမ် ၊ လက်ရှိ အလုပ်မှ မကောင်းသော ထွက်ခြင်းဖြင့် ထွက်သွားရ တတ်သည်။
  • ရေနစ်သူကို ၀ါးကူလို့ ထိုး ဆိုသည့် ဒုက္ခ ထပ်ပေးမည့်သူ များနှင့်သာ ကြုံရတတ်သည်။
  • အခြေပျက် ၊ အနေပျက် ၊ အလုပ်ပျက် ဖြစ်သွားတတ်သည်။
  • ရန်သူမျိုး (၅)မျိုးကို အထူး သတိထားရမည့် ကိန်းဖြစ်သည်..ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့။

  • (၁၅)တစ္ဆေတားရော့ကတ်အကြောင်း

    ဒီကတ်ပြားရဲ့ အဓိက ဇာတ်ကောင်ဟာ တစ္ဆေ သရဲ ကြီးတစ်ကောင် ဖြစ်ပါတယ်။ တစ္ဆေသရဲ ဆိုကတည်းက အဆိုးသဘောကို ဆောင်နေပြီပေါ့ဗျာ။ အင်မတန် ထွားကြိုင်း သန်မာတဲ့ တစ္ဆေကြီးဟာ သူ့ရဲ့ ရှေမှာ လူနှစ်ယောက်ရဲ့ လည်ပင်းကို သံကြိုးနဲ့ ချဉ်ပြီး ဖမ်းစားထားပါ တယ်။ အဲဒီ လူနှစ်ယောက်မှာလည်း တစ်ယောက်က ယောက်ျား ၊ တစ်ယောက်က မိန်းမ ဖြစ်ပါတယ်။

    တစ္ဆေ သရဲရဲ့ ဖမ်းစားခြင်းကို ခံထားရတဲ့ အဲဒီ ယောက်ျားနဲ့ မိန်းမဟာ ဘယ်နည်း နဲ့မှ အဆင်ပြေ နိုင်စရာ မရှိပါဘူး။ ဒီနှစ်ယောက် ပြဿနာ ဖြစ်အောင် အထင်မှား အောင် တစ္ဆေကြီးက ကြိုးစား မှာပါပဲ။ အဲဒီတော့ ဒီကတ်ပြားကို တွေ့တိုင်း တွေ့တိုင်း အိမ်ထောင် ရှင်တွေဆိုရင်လည်း အိမ်ထောင်ရေးမှာ ...၊ အိမ်ထောင် မရှိတဲ့ သူတွေ ဆိုရင်လည်း အချစ်ရေး မှာ ကြီးစွာသော အနှောက် အယှက်ကြီးတွေ ၊ ပြဿနာ ကြီးတွေ ကြုံရတတ်ကြောင်း ထည့်ပြီး ဟောရမှာပေါ့.။

    နောက်တစ်ခု ကတော့ တစ္ဆေ သရဲ ဆိုတော့ ခြောက်မယ် ၊ လှန့်မယ် ၊ နှောက်ယှက်မယ်။ မကောင်း ကြံမယ် ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ထည့်ပြီး ဟောရမှာပဲပေါ့။ အဲဒီတော့ ဒါတွေကို ခြုံငုံ သုံးသတ်လိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ်(၁၅) တစ္ဆေ ကတ်ပြား ကျလာမယ်ဆိုရင်....


  • ဆိုးသည် ၊ ညံ့သည် ၊ မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ဆိုတာတွေကိုပဲ အဖြေထုပ် ရတော့မှာပေါ့။ တစ္ဆေ သရဲ ဆိုတာ နှောက်ယှက် ဖမ်းစားတတ်တဲ့ သဘော လည်းရှိလေတော့ ဒီကတ်ပြားကို “ဆိုးတစ္ဆေ” ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ကြီးစွာသော အနှောက် အယှက်ကြီးများ ကြုံလာ ရတတ်သည်။
  • ထင်မှတ် မထားသော ရန်သူ ၊ အန္တရာယ်များ ကြုံလာတတ်သည်။
  • ထိပ်လန့် ခြောက်ချားဖွယ် အဖြစ်ဆိုးများ ။ အိပ်မက်ဆိုးများ ကြုံရတတ်သည်။
  • အချစ်ရေး ။ အိမ်ထောင်ရေးတွင် ပြဿနာများ ရှုပ်ထွေးတတ်သည်။ ဘေးလူ အနှောက်အယှက် ကြီး ကြုံရတတ်သည်။
  • စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ဖြစ်နေမည်။ ဆိုတဲ့ ဟောကိန်းတွေကို အဟော ထုပ်နိုင်ပေတာပေါ့။


  • (၁၄)ရေခွက်နှစ်ခွက်တားရောကတ်အကြောင်း

    ဒီကတ်ပြားမှာ ကောင်းကင် တမန်တော် တစ်ပါးဟာ လက်ထဲမှာ ခွက်နှစ်ခွက်ကို ကိုင်ထားပါ တယ်။တစ်ခွက်ထဲက ရေကို နောက်တစ်ခွက်ကို ပြောင်းထည့်နေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဒီ ပတ်ပြား ဟာလည်း အပြောင်း အလဲ ဖြစ်ခြင်းကို ဆိုလိုချင် တာပါပဲ။

    ဒါပေမဲ့ ပြောင်းလဲတာက အထဲက ရေရဲ့ အပြောင်းအလဲကို ဆိုလို ချင်တာ ဖြစ်ပါတယ်။ ခွက် အပြောင်းအလဲ မဟုတ်ပါဘူး။ အဲဒီတော့ အတွင်းပိုင်း ဆိုင်ရာ အပြောင်း အလဲပေါ့။ စိတ်အပြောင်း အလဲ ၊ သဘောထား အပြောင်းအလဲ ၊ ခံယူချက် အပြောင်းအလဲ ၊ ယုံကြည် ချက် အပြောင်း အလဲတွေကို ဆိုလိုချင်တာပါ။ ဒါမှ မဟုတ် ညာဏ် အလင်းပွင့်ခြင်း ၊ တရား ဓမ္မရခြင်း ရယ်လို့လည်း ကောက်ယူပေ နိုင်တာပေါ့။

    အတွင်းပိုင်း ဆိုင်ရာ အပြောင်းအလဲ ဖြစ်တဲ့အတွက် ရုပ်ပိုင်း ဆိုင်ရာ ထက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို ပြောရမှာ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ အလုပ်ပြောင်း တယ်ဆိုရင် ဒီ အလုပ်ကနေ ဟို အလုပ်ကို ပြောင်း သွားတာမျိုး မဟုတ်ဘဲ ဒီအလုပ် ထဲမှာပဲ အခန်းပြောင်း တာတို့ ၊ စားပွဲ ပြောင်းတာတို့ ၊ တာဝန်ပြောင်းတာ မျိုးတွေကို ပြောရမှာ ဖြစ်ပါတယ်။

    အိမ်ပြောင်း တာဆိုရင်လည်း အဲဒီလိုပဲပေါ့။ ဒီအိမ်ကနေ ဟိုအိမ်ကို ပြောင်းသွားတာမျိုး မဟုတ်ပဲ ဒီအိမ်ထဲ မှာပဲ အခန်း ဖွဲ့စည်းပုံ ၊ နေရာထိုင်ခင်း ၊ မွမ်းမံ ပြင်ဆင် ပြောင်းလဲရတာမျိုး တွေကို ပြောရမှာ ဖြစ်ပါတယ်။ ဒီကတ်ပြားရဲ့ အဓိပ္ပါယ်တွေမှာ ခြိုးခြံ ချွေတာခြင်း ၊ စောင့်ထိန်းခြင်း ဆိုတဲ့ အဓိပ္ပါယ် တွေလည်း ပါနေပါတယ်။

    အိမ်မှာ ၊ အလုပ်မှာ မကုန်သင့်ပဲ အကုန်အကျ တွေ များနေရင် ငွေတွေ ပစ္စည်းတွေ အလေအလွင့် များနေရင် ရေခွက်နှစ်ခွက် ကတ်ပြားကို အဆောင် အဖြစ်နဲ့ အိပ်ကပ်ထဲမှာ ဆောင်ထားလိုက်ရ ပါတယ်။ အာလုံးကို ခြုံငုံ သုံးသပ်လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကို မေးမေး နံပါတ် (၁၄) ရေခွက် နှစ်ခွက် ကတ်ပြား ကျလာခဲ့ရင်


  • ကောင်းမည် ၊ ရမည် ၊ အောင်မြင်မည် ၊ ဖြစ်မည်လို့ ဟောရမှာပေါ့။ ကောင်းသော အပြောင်း အလဲ တွေ ဖြစ်လိမ့်မည်။ အတွေးအခေါ် အထင် အမြင် အယူအဆ အပြောင်း အလဲ တွေ ကြုံရလိမ့်မယ်လို့ လည်း ထည့်ပြီး ဟောရမှာပေါ့။ အဲဒါကြောင့် ကောင်းပြောင်း - အတွင်းပြောင်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
  • ထစ်ငေါ့ ကြန့်ကြာနေသော ကိစ္စများ ပြေလည်၍ ကောင်းသော အပြောင်း အလဲများ ဖြစ်လာမည်။
  • စိတ် သဘောထား မတိုက်ဆိုင်သူ များနှင့် ညှိနှိုင်း ပြေလည် သွားလိမ့်မည်။
  • ငွေ အကုန်အကျ ၊ ပစ္စည်း ၊ ပျက်စီး ၊ ဆုံးရှုံး ခြင်းများ သိသိသာသာ လျှော့ပါးသွားမည်။
  • အလုပ်နေရာ အိမ်နေရာ ကောင်းသော ပြင်ဆင် ပြောင်းရွေ့ ရခြင်းများ ကြုံရမည်။
  • ကျန်းမာရေး ညံ့နေလျှင်လည်း ကောင်းသွား လိမ့်မည်။
  • ရပ်ဝေးမှ အကူအညီ အပံ့အပိုးများ ပေါ်ပေါက်လာလိမ့်မည် ဆိုတဲ ဟောချက်မျိုးတွေ ဟောနိုင် ပေတာပေါ့..

  • (၁၃)-သေမင်းတားရော့ကဒ်အကြောင်း

    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ၀တ်ရုံနက်ကြီးကို ၀တ်ဆင်ပြီး မြင်းကြီး တစ်ကောင်ကို စီးလျှက် အလံနက်ကြီး တလူတလူ လွှင့်ထူလာတဲ့ သေမင်းရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ သေမင်းဆို ကတည်းက ဒီနိမိတ် ပုံဟာ ဘယ်လိုလုပ်ပြီး အကောင်းလို့ ယူဆနိုင်တော့ မှာလဲဗျာ။

    အဲဒီတော့ ဒီကတ်ပြားရဲ့ အဓိပ္ပါယ်ကို အဆိုးလို့ ယူဆရမှာ ဖြစ်ပါတယ်။ သေခြင်း တရားနဲ့ ပါတ်သက် တယ်ဆိုတော့ လူဆိုရင် သေမယ်။ အလုပ်ဆိုရင် ပြုတ်မယ်။ ငွေဆိုရင် ပျောက်မယ်။ ဆုံးရှုံး မယ်။ ပစ္စည်း ဥစ္စာတွေ ဆိုရင် ပျက်စီးမယ်လို့ ဟောရမှာပေါ့။ တစ်ခု ရှိတာ ကတချို့ မေးခွန်းတွေ အတွက် ဒီကတ်ပြားဟာ အင်မတန် ဆိုးပေမဲ့ တစ်ချို့ မေးခွန်းတွေ ကြတော့ အင်မတန် ကောင်းသွားတတ်တာ ကိုလည်း သတိမူ သင့်ပါတယ်။

    ဥပမာ ဆိုပါတော့။ နေမကောင်း ဖြစ်နေတဲ့ လူတစ်ယောက် အတွက် တားရော့ လာမေးတယ်။ “ကျွန်တော် အဖွားရဲ့ အခြေအနေကို သိချင်လို့ပါ” လို့ မေးလာရင် သူ့အဖွား အခြေအနေ မကောင်းဘူးလို့ ဟောရမှာပေါ့။ ကျွန်တော့် အဖွားက နှလုံးရောဂါ ဖြစ်နေတယ်။ အဲဒီ ရောဂါ အခြေအနေ သိချင်ပါတယ် လို့ မေးလာရင်တော့ ခင်ဗျား အဖွား မုချ အသက် ချမ်းသာရာ ရမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။

    ဘာလို့ လည်းဆိုတော့ သူမေးတာက သူ့အဖွားကို မေးတာ မဟုတ်ဘူး။ သူ့ အဖွားရဲ့ ရောဂါကို မေးတာ ဖြစ်သွား တယ်။ အဲဒီရောဂါ သေသွားမယ် ၊ ပျောက်သွားမယ် ၊ ပြီးသွားမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်နေတဲ့ အတွက် အဖွား မသေဘူး ၊ ရောဂါ ပျောက်သွားမယ် လို့ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၃) သေမင်း ကတ်ပြား ကျလာခဲ့မယ်ဆိုရင်....

    မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ။ ဆိုးတယ် ဆိုတဲ့ အဖြေကိုပဲ ထုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတာတောင် ရေရှည် မဟုတ်ဘူး။ ဒုန်းကနဲ့ ဒိုင်းကနဲ အပြီး အပြတ် ဆိုးမှာ။ အဲဒိတော့ ဒီကတ်ပြားကို ဆိုးသေလို့သာ အလွယ် မှတ်ထားပေရော့..။

  • အလုပ် ကိစ္စကို မေးလာလျှင် အလုပ် ပြုတ်တတ်သည်။ ကိုယ်ပိုင် လုပ်ငန်းများ ဆိုလျှင် ပျက်စီး ဆုံးရှုံး သွားတတ်သည်။
  • ငွေကြေး ကိစ္စ ကိုမေးလျှင် ဆုံးရှုံး နစ်နာတတ်သည်။ ကြွေးကိစ္စ ကိုမေးလျှင် ပြန်မရ နိုင်တော့။
  • လူကို မေးလျှင် အခြေအနေ မကောင်း ။ အန္တရာယ် ကြီးများ ကြုံရတတ်သည်။ အထူး သတိ ထားရမည်။
  • အိမ်ကိစ္စ အမွေကိစ္စ နေရာကိစ္စ များကို မေးလျှင် မအောင် မမြင် ဖြစ်မည်။ ဆုံးရှုံ နစ်နာ တတ်သည် ဆိုတာမျိုးတွေ ဟောရမှာပေါ့ဗျာ။

  • (၁၂) တွဲလောင်းဆွဲတားရော့ကဒ်အကြောင်း

    ဒီကတ်ပြားမှာ အဓိက ဇာတ်လိုက်ဟာ သစ်ပင်မှာ ဇောက်ထိုး တွဲလောင်း ချိပ်ဆွဲ ခံထားရတဲ့ လူငယ်တစ်ဦးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဇောက်ထိုး တွဲလောင်းကြီး ဖြစ်နေပြီ ဆိုကတည်းက ဒီကတ်ပြားကို အဆိုးသဘော ယူဆရမှာပေါ့...။ ဆိုးတဲ့ ကိစ္စ တွေမှာလည်း အချို့ ကိစ္စတွေက ဆိုးပြီးတာနဲ့ ပြီးသွားတာ...။

    တစ်ချို့ ကိစ္စတွေကြတော့ အဲဒီ အဆိုးဟာ မပြီးနိုင်တော့ပဲ ရေရှည်ဒုက္ခ ပေးနေတယ်။ ဒီကတ်ပြား ဟာလည်း ရေရှည် ဒုက္ခ ရောက်ရတဲ့ သဘောလေးကို ပြနေတယ်။ နောက်တစ်ခု ကတော့ တွဲလောင်းဆွဲ ခံရသူဟာ ခြေထောက် တစ်ချောင်းကို ကွေးထား ပါတယ်။ သူရဲ့ ခြေထောက် တွေဟာ အင်္ဂလိပ် နံပါတ်လေး (4) ဂဏန်းကို ဇောက်ထိုး မြင်နေရ သလို ဖြစ်နေတယ်။

    ဒါကြောင့် လေးဂဏန်းရဲ့ အာနိသင် များကိုလည်း ဆက်နွယ် ဟောပြောရမှာ ဖြစ်ပါတယ်။ တစ်ခု သတိထားဖို့ ကတော့ တွဲလောင်းဆွဲ ခံရသူရဲ့ ဦးခေါင်းဘေးမှာ အလင်း စက်ဝိုင်း တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ညာဏ်ပညာ ကြီးမားခြင်းရဲ့ သဘော သဘာဝကို ပြောပြနေတာပါ။

    အဲဒီတော့ တွဲလောင်းဆွဲ ခံရသူဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး။ ဇွဲလုံးလ ကြီးသော ၊ အရည် အချင်း ရှိသော လူတစ်ယောက် ဖြစ်တဲ့အတွက် လတ်တလော အခြေအနေမှာ အကျပ်အတည်း ကြုံနေပေမဲ့ အဲဒီအကျပ် အတည်းတွေကို ဖောက်ထွက် လွတ်မြောက် သွားနိုင်မယ့် ပုဂ္ဂိုလ်ရယ်လို့ ကောက်ယူနိုင်ပါတယ်။

    အဲဒါတွေ အားလုံး ခြုံငုံ စဉ်းစားလိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၂) ကတ်ပြား ကျလာမယ်ဆိုရင်....

    မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတာကိုပဲ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီ အဆိုးများ ဟာလည်း ချက်ချင်းပြီး မသွားပဲ တိုးလို့ တန်လန်း ဖြစ်နေဦးမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကတ်ပြား ကို ဆိုးတန်းလန်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။

  • ရှေးတိုးရ ခက် ၊ နောက် ဆုတ်ရခက် ၊ ကျဉ်းထဲ ကျပ်ထဲ အခြေအနေများ ကြုံလာမည်။
  • အလုပ်များ ၊ ရည်ရွယ်ချက်များ ၊ ရှေ့မဆက်နိုင်ပဲ ဖြစ်နေမည်။
  • ခြေထောက်ပိုင်း တွင် ဒဏ်ရာရခြင်း ၊ ခြေထောက် ဒုက္ခ ပေးခြင်းများ ကြုံရတတ်သည်။
  • အမျိုးသား ဆိုင်ရာ ရောဂါ ၊ အမျိုးသမီး ဆိုင်ရာ ရောဂါများ ကြုံရတတ်သည်။
  • ခွဲစိပ် သုသ မှု့နှင့် ပတ်သက်ရတတ်သည်။
  • မည်သည့် အခက်အခဲနှင့် ကြုံသည် ဖြစ်စေ ၊ စိတ်ရှည်ရှည် ထားသင့်သည်။ နောက်ဆုံးတွင် ထို အခက်အခဲ မှ လွန်မြောက် သွားလိမ့်မည် ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့.....

  • (၁၁) မနုစာရီတားရော့ကဒ်အကြောင်း

    ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ချိန်ခွင် တစ်ဖက် ၊ ဓားတစ်ဖက်ကို ကိုင်ထားတဲ့ အမျိုး သမီး တစ်ဦး ဖြစ်ပါတယ်။ အဲဒါဟာ တရားရုံးစောင့် နတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဥပဒေမှာ မျှတစွာ ဆုံးဖြတ်နိုင်ဖို့ အတွက် ချိန်ခွင်နဲ့ ၊ ပြတ်သားစွာ စီရင်နိုင်ဖို့ အတွက် ဓား တို့ကို အမှတ်တံဆိပ် အဖြစ်နဲ့ အသုံးပြုလေ့ ရှိပါတယ်။

    လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျော်လောက်က အဘ မင်းသိင်္ခဟာ မနုစာရီ ဆိုတဲ့ ဂန္ဓ၀င်မြောက် ၀တ္ထုကြီး တစ်ပုဒ် ရေးသားခဲ့ ဖူးပါတယ်။ မနုစာရီ မင်းသမီးဟာ အမျိုးသမီး တွေထဲမှာ အင် တန်မှ ညာဏ်ပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး တရားသူကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒါ ကြောင့် တရားရုံးစောင့် နတ်သမီး ကဒ်ပြားကို တွေ့တဲ့အခါ အဘ မင်းသိင်္ခက မနုစာရီ လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဒီကဒ်ပြားကို မနုစာ ရီ လို့ပဲ ခေါ်ကြပါတယ်.......။

    ဒီကဒ်ပြားဟာ ဥပဒေရဲ့ သဘော သဘာဝကို ညွန်းဆိုနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်။ ဥပဒေကို လူ့လောကရဲ့ ကျက်သရေ အဖြစ် အသိအမှတ် ပြုထား ကြပါတယ်။ လူ့လောကနဲ့ တိရစ္ဆာန် လောက အဓိက ကွဲပြားနေတဲ့  အချက်တွေ ထဲမှာ ဥပဒေ ဆိုတာလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ လူ့လောကမှာ ဥပဒေ ဆိုတာ ရှိနေတဲ့ အတွက် ကြီးနိုင် ငယ်ညှင်းတွေ ၊ အနိုင်ကျင့် တာမျိုးတွေကို ထိန်းချုပ်ထား နိုင်ပေတာပေါ့...။

    လူ့လောကရဲ့ ကျက်သရေကို ဖော်ညွန်းနေတဲ့ ကဒ်ပြားဖြစ်တဲ့ အတွက် ဒီကဒ်ပြားကို အကောင်း သဘောပဲ ယူဆရပါတယ်။ ဒါပေမဲ့ ဥပဒေတို့ တရားရုံးတို့ ဆိုတာမျိုး ကလည်း ဒီအတိုင်း ထိုင်နေရင် ဘာမှ မသိသာပါ ဘူး။ အမှု့ အခင်း ကြုံလို့ ရုံးပြင် ကန္နားကို ရောက်တဲ့ အခါမျိုးတွေ မှသာ ထိစပ် ပတ်သက်ရတဲ့ အရာမျိုးတွေ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြားဟာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမှု့ အခင်း တစုံတရာနဲ့ ပတ်သက် ဆက်နွယ်ရ တတ်တယ် ဆိုတာကိုတော့ သတိမူဖို့ လိုပါလိမ့်မည်။

    မနုစာရီ မင်းသမီးဟာ ချိန်ခွင် တစ်လက်ကို ကိုင်ထား ပါတယ်။ ချိန်ခွင်ဆိုတာ ဟိုဘက် ဒီဘက် ချိန်ဆရတဲ့ ကိစ္စမျိုးပါ။ ဟိုဘက်ကိုလည်း အလေး မသာရ။ ဒီဘက် ကိုလည်း အလေး မသာရ။ ညှိနှိုင်းရတဲ့ ကိစ္စမျိုး ဖြစ်ပါ တယ်။ ညှိနှိင်းရတယ် ဆိုကတည်းက နှစ်မျိုး နှစ်ဘက် ဖြစ်နေလို့ပေါ့။ အဲဒီတော့ အရေးကြီးတဲ့ ကိစ္စကြီး နှစ်ခု တစ်ပြိုင်နက် တည်းမှာ ကြုံလာ တတ်တယ်။ ဟိုဘက် လိုက်လို့လည်း မရ။ ဒီဘက် လိုက်လို့လည်း မရတဲ့ အခြေအနေမျိုး ကြုံမယ်။ ဆုံးဖြတ်ရ ခက်တဲ့  ကိစ္စမျိုးတွေ ကြုံလာလိမ့် မယ်လို့ အဟော ထုပ်နိုင် ပေတာပေါ့။ အဲဒီ ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စကိုလည်း ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချရလိမ့်မယ် လို့လည်း ဟောနိုင်ပေ တာပေါ့။

    ဒီကဒ်ပြားရဲ့ နံပါတ်ဟာ ၁၁- ဖြစ်ပါတယ်။ ၁-နှစ်လုံး ပူးနေတာပါ။ တစ်လုံးတည်း ဖြစ်အောင် ပေါင်းရင်လည်း (၂)ဂဏန်း ဖြစ်ပါတယ်။ နှစ်ခု ၊ နှစ်ခွ ၊ နှစ်ကြိမ် ၊ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် မျိုးတွေ ယူဆ နိုင်ပါတယ်။ ဆင်တူ (၁)နှစ်လုံး ဖြစ်နေတဲ့ အတွက် တစ်မျိုးထဲကနေ နှစ်မျိုး ကွဲနေတဲ့ သဘောကိုလည်း ကောက်ယူနိုင် ပါတယ်။ အဲဒီတော့ အလုပ်ခွဲတာ အိမ်ခွဲတာ ဆိုတာမျိုးတွေ ထည့်သွင်း ဟောပြော နိုင်ပါတယ်။

    အဲဒီလို သဘာဝနဲ့ ဓားနဲ့ကို ဆက်စပ် စဉ်းစားတဲ့ အခါမှာလည်း ခွဲစိတ် ကုသမှု့ ကြုံခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုး တွေလည်း ပေါ်ထွက်လာတော့ တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး မနုစာရီ ကဒ်ပြား ကျလာခဲ့မယ် ဆိုရင်.......

    ကောင်းမယ် ၊ ဖြစ်မယ် ၊ ရမယ် ၊ အောင်မြင်မယ် လို့ ဟောနိုင် ပါတယ်။ ဒါပေမဲ့ အမှု့ အခင်း ရုံးပြင် ကန္နား တွေနဲ့ ပတ်သက် ရပြီးမှ ... ပြောဟယ် ၊ ဆိုဟယ် ၊ ရှင်းဟယ် ၊ လင်းရယ်တွေ ကြုံပြီးမှ အောင်မြင်မယ် လို့လည်း ဟောရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို ကောင်းမှု့ လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

  • အရေး ကြီးသော ကိစ္စများ တပြိုင်တည်းမှာ ကြုံလာ ရတတ်သည်။
  • ရှေးတိုးရ ခက် ၊ နောက်ဆုတ်ရ ခက် ၊ ဆုံးဖြတ်ရ ခက်သော ကိစ္စရပ်များ ကြုံလာ ရတတ်သည်။
  • ကိစ္စ ကြီး တစ်ခုတွင် ပြတ်ပြတ်သားသား ဖြေရှင်း ဆုံးဖြတ် ရလိမ့်မည်။
  • တရားရုံး ၊ အမှု့ အခင်းတို့နှင့် ပတ်သက်ရ တတ်သည်။
  • လက်ရှိ နေအိမ် ၊ နေရာတို့မှ ခွဲထွက် သွားရတတ်သည်။
  • လက်ရှိ အလုပ်မှ ခွဲထွက် ရတတ်သည်။
  • အလုပ် နှစ်မျိုး တာဝန်နှစ်မျိုး ပူးတွဲ ထမ်းဆောင် ရတတ်သည်။
  • မိမိ ကိုယ်တိုင် ဖြစ်စေ ဆွေမျိုး မိတ်ဆွေ လူရင်းထဲမှ ဖြစ်စေ ခွဲစိပ် ကုသမှု့ ကြုံရတတ်သည်ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့ ခင်ဗျာ.......။

  • (၁၀)ကံကြမ္မာလှည်းဘီးတားရော့ကဒ်

    ဒီကဒ်ပြား ကတော့ ကံကြမ္မာ ဆိုတာဟာ ပြောင်းလဲနေတယ် ဆိုတာကို လှည်းဘီးကြီး တစ်ဘီးနဲ့ တင်စား ဖော်ပြ ထားတဲ့ ကဒ်ပြားပဲ ဖြစ်ပါတယ်။ ကံဟာ အဆိုးကနေ ပြီးတော့ လည်း အကောင်းကို ပြောင်းလဲ နိုင်ပါတယ်။ အကောင်း ကနေ ပြီးတော့လည်း အဆိုးကို ပြောင်းသွား နိုင်တယ် ဆိုတဲ့ သဘော ပါပဲ။

    ဒါပေမဲ့ ဒီကဒ်ပြားမှာ သေဟယ် ကြေဟယ် သွေးထွက် သံယို ဆိုတဲ့ မကောင်း နိမိတ်တွေ မတွေ့ ရပါဘူး။ အဲဒီတော့ ဒီကဒ်ပြားကို အကောင်းလို့ ယူဆ နိုင်တာပေါ့။ ကောင်းသော ပြောင်းလဲခြင်း တွေကို ပြောပြ ချင်တဲ့ ကဒ် ပြား တစ်ချပ်ပါပဲ။


    အပြောင်း အလဲ ဆိုတဲ့ နေရာမှာ အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်အိမ်ကနေ တစ်အိမ်ကို ပြောင်း တာမျိုး ရှိနိုင်သလို ဒီအိမ်ထဲ မှာပဲ နေရာ ထိုင်ခင်း အိပ်ယာ အိပ်ခန်း ပြောင်းရွေ့ ပြင်ဆင် တာမျိုးလည်း ကြုံနိုင်တာပေါ့။ ဒီအလုပ် ကနေ ဟိုအလုပ်ကို ပြောင်းသွား တာမျိုး ရှိသလို ဒီအလုပ် ထဲမှာပဲ စားပွဲပြောင်း အခန်းပြောင်း တာဝန်ပြောင်း တယ်ဆိုတာ မျိုးလည်း ရှိနိုင်တာပေါ့...။

    ပြောရရင်တော့ အတွင်းပိုင်း ဆိုင်ရာ အပြောင်း အလဲနဲ့ အပြင်ပိုင်း ဆိုင်ရာ အပြောင်း အလဲဆိုပြီး နှစ်မျိုးခွဲ နိုင်ပါ တယ်။ လှည်းဘီး ဆိုတာမျိုးက နေရာ အနှံ့ လျှောက်ပြီး လိမ့်နေတဲ့ သဘာဝမျိုး ဖြစ်ပါတယ်။ ဒီကနေ ဟိုရောက် ဟိုကနေ ဒီကိုရောက် ဆိုတာမျိုးပေါ့။ အဲဒီတော့ ကံကြမ္မာ လှည်းဘီး ကဒ်ပြားဟာ အပြင်ပိုင်း ဆိုင်ရာ အပြောင်း အလဲတွေနဲ့ ပတ်သက်နေတဲ့ ကဒ်ပြား တစ်ချပ်ပါပဲ..။` ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ခွဲမယ် ဆိုရင် ရုပ် ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တွေလို့ ဆိုနိုင်ပါတယ်..။

    ကံကြမ္မာ လှည်းဘီးရဲ့ ထောင့် လေးထောင့်မှာ သတ္တ၀ါ ၄-မျိုးကို တွေ့ရပါတယ်။ အဲဒီ သတ္တ၀ါ တွေဟာ အီဂျစ် တို့ရဲ့ နာမည်ကျော် စဖင့်ရုပ် ကြီးမှာ ပါရှိနေတဲ့ သတ္တ၀ါ လေးမျိုးပါပဲ..။ဒီကဒ်ပြားနဲ့ ပတ်သက် လာရင် ဂန္ဓာရီ လမ်း ဆိုင်ရာ ဘာသာရေး ဆိုင်ရာ အဆက် အသွယ်ကောင်း တွေ့ရမယ်။ ဒါမှမဟုတ် ပဋ္ဌာန်းဆက် သိုက်ဆက်ရှိသော ပုဂ္ဂိုလ်တွေက ကူညီ မ စ ကြလိမ့်မယ်လို့ ကောက်ယူနိုင် ပေတာပေါ့။

    သတ္တ၀ါ လေးကောင်ဟာ စာအုပ်လေးတွေ ကိုယ်စီ ကိုင်ထား ကြတယ်။ ဒါဖြင့် စာအုပ် စာရွက် စာတမ်း ကိစ္စ တွေနဲ့ ပတ်သက်လို့လည်း ထည့်ပြီး ဟောနိုင် ပေတာပေါ့။ လှည်းဘီးကြီးရဲ့ အပေါ်မှာ စဖင့်ရုပ် ရှိပါတယ်။ အောက်က သတ္တ၀ါ တစ်ကောင်ကတော့ ခါးနဲ့ ထမ်းထားသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ခါးနာမယ် ခါး ကိုက်မယ် လို့လည်း အဟော ထုတ်လေ့ ရှိပါတယ်။

    လှည်းဘီးရဲ့ ဘေးမှာ မြွေတစ်ကောင် ကိုလည်း တွေ့ရပါတယ်။ မြန်မာတွေရဲ့ အယူအဆမှာ တော့ မြွေတွေ့ရင် ခရီးရှည် တော့မယ်တဲ့။ လှည်းဘီး ဆိုတာကိုက ခရီးသွားနေတဲ့ အရာ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြား ဟာ ကောင်းသော ခရီးတွေနဲ့ မုချ ပတ်သက်နေပြီပေါ့။ အလယ်က လှည်းဘီးကြီးကို ကြည့်တဲ့ အခါ ကျွန်တော် တို့ရဲ့ မျက်စိထဲမှာ သင်္ဘောက ပဲ့ထိမ်း ဘီးကြီးနဲ့ သွားပြီး တူနေပါတယ်။ အဲဒီတော့ ရေကြောင်း ခရီး ၊ သင်္ဘော ခရီးတွေနဲ့ သွားရမယ်။ အောင်မြင်မယ် လို့လည်း ဟောနိုင်ပေတာပေါ့။

    နောက်တစ်ခုက လှည်းဘီးဟာ လည်ပတ်ခြင်း သဘောကို ဆောင်ပါတယ်။ အထစ် အငေါ့တွေ အပိတ် အစို့ တွေ ပြေလည်ပြီးတော့ အလုပ်တွေ ငွေတွေ အထစ် အငေါ့ မရှိ လည်ပတ်မယ့် သဘောကိုလည်း ကောက်ယူ နိုင်ပေတာပေါ့...။ အဲဒါတွေ အားလုံးကို ခြုံငုံလိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး ကံကြမ္မာ လှည်းဘီး ဆိုတဲ့ ကဒ်ပြား ကျလာပြီ ဆိုရင် .....

    1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည် ၊ ကောင်းသော အပြောင်း အလဲများ ဖြစ်မည် ရယ်လို့ ဟောနိုင်ပါတယ်။ ကောင်းပြောင်း ၊ အပြင်ပြောင်း ရယ်လို့ အတို မှတ်ထား နိုင်ပါတယ်။
    2. ထစ်ငေါ့ ကြန့်ကြာ နေသော ၊ ပိတ်ဆို့ နေသော ကိစ္စများ ပြေလည် ပွင့်လန်း သွားမည်။
    3. ရပ်ဝေးမှ စာ ၊ အဆက်အသွယ် အချိပ် အဆက် ကောင်းများ ရောက်လာမည်။
    4. စာချုပ် စာတမ်း ကိစ္စ စာရင်း ဇယားကိစ္စများ အဆင်ပြေ အောင်မြင်မည်။
    5. ဘာသာရေး ဆိုင်ရာ အလုပ်များ ပေါ်လာမည်။ ကိုးကွယ်သော ပုဂ္ဂိုလ် ၊ ပဋ္ဌာန်းဆက် ၊ သိုက်ဆက် ၊ ပုဂ္ဂိုလ်များ ကူညီ မ~စလိမ့်မည်။
    6. သင်တန်း တက်ရခြင်း ၊ ကျောင်း တက်ရခြင်း ၊ စာမေးပွဲ ၊ အင်တာဗျူး .. စသော ကိစ္စများ အောင်မြင်မည်
    7. ကောင်းသော ခရီးဝေးများ သွားရမည်။
    8. ပြည်ပ ခရီး ၊ ရေကြောင်း ခရီးများ အောင်မြင်မည်။
    9. ခါးကိုက်ခြင်း ၊ ခါးနာခြင်း ၊ အမြင့်မှ လိမ့်ကျခြင်းများ ဖြစ်တတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေကို ဟောနိုင်ပါကြောင်း စေတနာကောင်းဖြင့်

    အချစ်များစွာဖြင့်
    ဟိန်းတင့်ဇော်
    တားရော့-ဗေဒ-လက္ခဏာ

    (၉)-ပုဏ္ဏားဘကွန်းတားရော့ကဒ်အကြောင်း

    ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက် ဟာ အဘိုးကြီး တစ်ဦး ဖြစ်ပါတယ်။ ရိုးရိုး အဘိုးကြီး တော့ မဟုတ်ပါဘူး။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ သူတော်စဉ် ကြီးပါ။ ရသေ့ကြီး ဟာ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းကို အားပြုကာ ခရီး လှည့်လည် နေတာပါ။ သူဟာ အင်မတန် ကြီးမား တဲ့ ၀တ်ရုံကြီး တစ်ခု ကိုလည်း ရုံထားပါတယ်။

    ဒီကတ်ပြားဟာ ရသေ့ သူတော်စဉ်ရဲ့ နိမိတ်ပုံကို ဖော်ဆောင် ထားတာ ဖြစ်တဲ့ အတွက် အကောင်း သဘော ဆောင်တဲ့ ကဒ်ပြားလို့ ယူဆ ရမှာပါ။ ရသေ့ဟာ မိသားစုနဲ့ အတူ မနေပါဘူး။ တစ်ကိုယ်တော် သမား ဖြစ်ပါတယ်။ နေအိမ် အတည် တကျ မရှိဘဲ ခရီးလှည့် လည် နေသူလည်း ဖြစ်ပါတယ်။


    အဲဒါကြောင့် ဒီကဒ်ပြားမှာ တစ်ကိုယ်တော် သဘော ၊ ခရီးလှည့်လည် သွာလာရတဲ့ သဘော ၊ ရပ်ဝေးနဲ့ အဆက် အသွယ် ကောင်းများ ရတဲ့သဘော ဘာသာ ရေးနဲ့ ဆိုင်တဲ့ ကိစ္စများ အောင်မြင်တဲ့ သဘော တွေကို ထည့်ပြီး ဟောရမှာပေါ့။ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းနဲ့ ခရီးသွားရတဲ့ ပုဂ္ဂိုလ်ဟာ အသက် ကလည်း ကြီးပြီ။ မျက်စိလည်း မကောင်း နိုင်တော့ ဘူးပေါ့ဆိုပြီး ဒီကဒ်ပြားကို တွေ့တဲ့အခါ မျက်မှန်နဲ့ ပတ်သက်ပြီး တော့လည်း ဟောလေ့ရှိကြပါတယ်။ အဲဒါတွေကို ခြုံလိုက်မယ်ဆိုရင် ဒီကဒ်ပြားကို တွေ့ပြီဆိုရင် ဘယ်လို မေးခွန်းကို မေးမေး.....

    1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည်လို့ ဟောရ မှာပါပဲ။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ ဖြစ်တဲ့ သ ဘော ဖြစ်တဲ့ အတွက် တန်ခိုး သိဒ္ဓိ တွေနဲ့လဲ ပတ်သက် နေတဲ့ ကဒ်ပြား ဖြစ်တဲ့ အတွက် ဒီကဒ်ပြား ကျလာ ရင်လည်း ၀ိဇ္ဇာ မလိုက် သလို ၊ တန်ခိုးရှင်က ကူညီသလို ကောင်းသွား မယ်လို့ အဟော ထုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီကဒ်ပြား ကိုလည်း ကောင်းဝိဇ္ဇာ လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
    2. မထင်မှတ်သော ခရီးများ ၊ ကောင်းသော ခရီးများလည်း အောင်မြင်မည်။
    3. ဘုရားဖူးခရီး ၊ ဘာသာရေး ခရီးများလည်း အောင်မြင်မည်။
    4. ဆရာသမား ၊ ကြီးကဲသူတို့ ထံမှ အကူအညီ အဆက်အသွယ် ကောင်းများ ရမည်။
    5. ရပ်ဝေးမှ သတင်းကောင်း ဧည့်သည်ကောင်း အဆက် အသွယ် ကောင်းများ ရောက်မည်။
    6. ပညာရေး ကိစ္စများ ။ စာမေးပွဲ ၊ သင်တန်း ကိစ္စများလည်း ထူးချွန်စွာ အောင်မည်။
    7. ပြည်ပ အလုပ်အကိုင် ၊ ပြည်ပ သင်တန်းများလည်း အောင်မြင်မည်။
    8. မျက်မှန် ပါသော သူထံမှ အကူအညီ ကောင်းများ ရလိမ့်မည်။
    9. လျှပ်စစ် ကိစ္စ ၊ မီးကိစ္စများ အဆင်ပြေ အောင်မြင်မည်။
    စသော ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့။ တကယ် စဉ်းစား ကြည့်တော့ အဲဒါ တွေဟာ အသေ ကျက်စရာ မှတ်စရာ တွေ မဟုတ်ပါဘူး။ ကဒ်ပြား ကိုကြည့်။ တစိမ့်စိမ့် စဉ်းစားရင်း နဲ့ပဲ ထွက်ပေါ် လာနိုင်တဲ့ ဟောချက်မျိုး တွေ ဖြစ်ပါတယ် ခင်ဗျာ....

    (၈)စွမ်းအားရှင်တားရော့ကတ်ပြားအကြောင်း

    ဒီကဒ်ပြားလေးရဲ့ အဓိက ဇာတ်လိုက်ဟာ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ထဲမှာ တောင်မှ ရိုးရိုး မိန်းမ တစ်ယောက် မဟုတ်ပဲ စွမ်းရည်ထူးတွေနဲ့ ပြည့်ဝနေတဲ့ စွမ်းအားရှင် မိန်း မတစ်ယောက် ဖြစ်ပါတယ်။

    ဒါပေမဲ့ သူရဲ့ စွမ်းရည်ဟာ အကောင်းထက် အဆိုးဘက်ကို ရောက်နေတဲ့ စွမ်းရည်မျိုး ဖြစ်နေပါ တယ်။ ကမ္ဘာပေါ်မှာ စုန်းမတွေကိ စုန်မဖြူနဲ့ စုန်မနက်ဆိုပြီး နှစ်မျိုးခွဲပါတယ်။ စုန်းမနက်ဆို တာက အောက်လမ်းပေါ့ဗျာ...။ အခု ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာလည်း ပညာသည် စုန်းမတစ်ယောက်ပါပဲ...။

    သူဟာ အင်မတန်မှ အင်အားကြီးမားပြီး သန်စွမ်းလှတဲ့ ၊ သတ္တိကောင်းလှတဲ့ ခြင်္သေ့ကြီး တစ်ကောင်ကို ချုပ်ကိုင် ပြီး ပါးစပ်ကို ဖြဲထားပါတယ်။ ဂဏန်းဗေဒင်ပညာ မှာဆိုရင်လည်း နံပါတ်(၈) ကဒ်ပြားဟာ ဆိုးသော ခိုက်သော ဂဏန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော ဆောင်တဲ့ ကဒ်ပြားရယ်လို့ ကောက်ချက်ချ ရမှာပဲ...။

    အကျဉ်းအကျပ်ကြုံခြင်း ၊ တားမြစ်ခံရခြင်း ၊ အချုပ်အနှောင်ခံရခြင်း ၊ အနိုင်ကျင့်ခံရခြင်း ၊ အကြပ်ကိုင်ခံရခြင်းဆို တဲ့ သဘောမျိုးတွေ ကိန်းအောင်းနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်..။

    နောက်တစ်ခုကတော့ ဒီကဒ်ပြားကို ဂန္ဓာရီ ပညာရှင်တွေက သမားတော်ကဒ်ပြား ၊ ဆေးဆရာကဒ်ပြား လို့လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ ထူးခြားသော စွမ်းရည်တွေနဲ့ ရောဂါ ဝေဒနာတွေကို ကူညီ ကယ်တင်နိုင်စွမ်း ရှိပါတယ်။

    အဲဒါကြောင့်......
    ကျန်းမာရေး ညံ့တဲ့အခါ အထူးသဖြင့် ဘာရောဂါမှန်း မသိပဲ ဆရာဝန် မျက်စေ့လည်ရတဲ့ ရောဂါမျိုး ၊ ဆေးမတိုး တာမျိုး ၊ ရောဂါကြာရှည်နေတာမျိုးတွေ ဆိုရင် လူနာရဲ့ အင်္ကျီအိပ်ထဲမှာ စွမ်းအားရှင် ကဒ်ပြားကို အဆောင်အဖြစ် ဆောင်ထားရပါတယ်။ ဒီကဒ်ပြားကို မိတ္တူကူးပြီး ဖယောင်းတိုင်မှာ ပတ်ပြီးတော့လည်း မီးထွန်းနိုင်ပါတယ်...။

    အဲဒါတွေ ခြုံလိုက်မယ်ဆိုရင်တော့ ဘယ်မေးခွန်းကိုပဲ မေးမေး နံပါတ်(၈) ကဒ်ပြား ကျလာပြီဆိုရင်...

    1. မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ အဖြေပေးရမှာပဲ...။ဆိုးတဲ့ ကဒ်ပြား ဖြစ်တဲ့အပြင် ...ချုပ်နှောင် ၊ အ ကြပ်ကိုင် ၊ ခံရခြင်းသဘောကိုပါ တွဲစပ်ပြီး ဆိုးချုပ် လို့ အလွယ်မှတ်ထားနိုင်ပါတယ်...။
    2. မိန်းမသား တစ်ဦးက အကြပ်ကိုင် ဒုက္ခပေးလာတတ်သည်..။
    3. မကောင်းသော အတတ်ဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင် ခံစားနေရတတ်သည်...။
    4. ရောဂါ ကြီးကြီးမားမား မရှိဘဲနှင့် ကျန်းမာရေး ညံ့သကဲ့သို့ ခံစားနေရတတ်သည်...။
    5. မလုပ်ချင်သော အလုပ်များ စိတ်မပါသော အလုပ်များ ကြုံရတတ်ပါသည်...။
    6. အမှု့ အခင်း ၊ ရုံးပြင်ကနား ၊ ထုချေလွှာ စသည်တို့နှင့် ကြုံရတတ်ပါသည်....။
    7. ခွေး ၊ ကြောင် ...စသော တိရစ္ဆာန်ကို အကြောင်းပြု၍ စိတ်ညစ်ရခြင်း ၊ စကားများရခြင်း ၊ အန္တရာယ်ဖြစ် ခြင်းများ သတိထားရမည်...ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ ခင်ဗျာ.....။

    (၇)စစ်ရထားတားရော့ကတ်အကြောင်း

    ဒီကဒ်ပြားမှာ အဓိက ဇာတ်လိုက်ကတော့ စစ်ရထား တစ်ဆင်းကို မောင်းနှင်ပြီး စစ်မြေပြင်ကို ထွက်လာတဲ့ စစ်သည်တစ်ဦး ဖြစ်ပါတယ်။ စစ်မက်ရေးရာ ကိစ္စ တွေကို ထင်ဟတ်တဲ့ နိမိတ်ပုံ လည်းဖြစ်ပါတယ်။ စစ်ဖြစ်ပြီ ဆိုရင်တော့ တိုက်ဟယ် ခိုက်ဟယ် ၊ သတ်ဟယ် ၊ ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ်ဆိုတဲ အနိဋ္ဌာရုံ ကိစ္စတွေလည်း မလွဲမသွေ ပါလာပြီပေါ့ဗျာ....

    အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော အဖြစ်နဲ့ ယူဆပါတယ်။ စစ်ဖြစ်တယ်ဆိုတာ တစ် ယောက်တည်း ဖြစ်နေလို့ ရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး...။ တစ်ဘက်က ပြိုင်ဘက်ပေါ်လာလို့ စစ်ဖြစ်ရတာမျိုးပါ...။ အဲဒါကြောင့် ဒီ ကဒ်ပြားမှာ စီးပွားပြိုင် ၊ လုပ်ငန်းပြိုင် ၊ အပြိုင်အဆိုင် အ တိုက်အခံ သဘောတွေ ကိန်းအောင်းနေပါတယ်။

    စစ်ရထားရဲ့ နောက်မှာ မြို့ရိုးနဲ့ မြို့တစ်မြို့ကို လှမ်းပြီး တွေ့နေရပါတယ်။ ရဲမက်တွေဟာ မြို့ပြင်ကို ထွက်ပြီး စစ် တိုက်တဲ့ သဘောပေါ့။ ဒါဖြင့်ရင် ...ရန်ဟာ အိမ်ထဲ အလုပ်ထဲမှာ ရှိမနေပဲ ပြင်ပရပ်ဝေးမှာ ရှိနိုင်တယ်လို့ ပြောရ မှာပဲ...။

    စစ်ရထားကို စဖင့်လို့ခေါ်တဲ့ အီဂျစ်တို့ရဲ့ အစီအရင် သတ္တ၀ါကြီး နှစ်ကောင်က ဆွဲထားပါတယ်။ တစ်ကောင်က အဖြူ ၊ တစ်ကောင်က အမည်းဖြစ်နေပါတယ်။ အောက်လက်ငယ်သားတွေ စိတ်ဝမ်း ကွဲပြားခြင်း ၊ သူတို့အတွက် ဆုံးဖြတ်ရခက်သော ပြဿနာကြုံခြင်း ၊ ဆိုတာမျိုးတွေလည်း ဟောနိုင်ပေတာပေါ့။

    နောက်တစ်ခု စဉ်းစားဖို့ကတော့ ဒီကဒ်ပြားမှာ ယာဉ်ရထားဟာ အဓိက ကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကဒ်ပြားဟာ အဆိုးသဘော ဆောင်တဲ့ ကဒ်ပြား ဖြစ်နေတဲ့ အတွက် ..ယာဉ်ရထား ကိစ္စတွေမှာလည်း မကောင်း ဘူး။ ပြဿနာကြုံနိုင်တယ် ၊ အန္တရာယ် ရှိနိုင်တယ်လို့ ပြောရမှာပေါ့...။

    ဒါတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်....

    1. ဘယ်ကိစ္စကိုပဲ မေးမေး စစ်ရထားကဒ် ကျလာခဲ့ရင် မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ ပြောရမှာပဲ။ ရက်(စ်) အော် နိုး ဆိုရင်တော့ နိုးပေါ့...။ အတိုက် အခံ အပြိုင် အဆိုင်တွေပါ ကြုံတွေ့နိုင်တယ် သဘော လေးကိုပါ ထည့်သွင်းပြီး ဆိုးပြိုင် လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
    2. ခိုက်ရန်ဖြစ်ပွားခြင်း ၊ စကားများ ဖြေရှင်းရခြင်း ၊ အကြိတ်အနယ် ပြောဆိုရခြင်းများ ကြုံရတတ်သည်။
    3. မိမိတွင် အတိုက်အခံ ၊ အပြိုင်အဆိုင်များ ပေါ်လာတတ်သည်။ အောက်လက် ငယ်သားတို့က အံ့တုဖက် ပြိုင် လာတတ်သည်...။
    4. အောက်လက်ငယ်သား တို့၏ ပြဿနာကြောင့် ဆုံးဖြတ်ရခက်သော အဖြစ်မျိုး ကြုံမည်။
    5. ယာဉ် ၊ ကား ၊ စက်ဘီး ၊ ဆိုင်ကယ်တို့ကြောင့် အန္တရာယ်ဖြစ်ခြင်း ၊ ပြဿနာဖြစ်ခြင်း ၊ ပြောဆိုဖြေရှင်းရခြင်း များ ကြုံမည်။
    6. လမ်းခရီးတွင် ပြဿနာကြုံခြင်း ၊ တစ်ရပ် တစ်ကြေးတွင် သွားရောက် ဖြေရှင်းရခြင်းများ ကြုံတတ်သည်..။ အဒီလို အဲဒီလိုလေးတွေ ဟောနိုင်တာပေါ့ဗျာ.....

    (၆) ချစ်သူနှစ်ဦး တားရောကတ်အကြောင်း

    (6).The Lovers-ချစ်သူနှစ်ဦး)

    ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် များကတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ကတ်ပြားဆိုတော့ အကောင်းလို့ ယူဆရုံ မှ တစ်ပါး အခြား မရှိနိုင်ပါဘူး။ ဒဲ့(တည့်)ကြီးပြောမယ် ဆိုရင်တော့ အချစ်ရေး အချစ်ရာ ကိစ္စ များ အောင်မြင်မည်လို့ ပြောလိုက်ရုံပေါ့ဗျာ....

    ဒီကတ်ပြားကို ထပ်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ချစ်သူ နှစ်ဦးဟာ အိမ်ထဲ အဆောက်အဦးထဲ မှာ မရှိဘဲ ကွင်းထဲကို ရောက်နေပါတယ်။ ဟိုး နောက်မှာလည်း တောင်တန်းတွေကို လှမ်းပြီး မြင်နေရပါတယ်။ အဲဒီတော့ ကျွန်တော်က နံပါတ်(၆) ကတ်ပြားကို တွေ့တဲ့အခါတိုင်း ခရီးကောင်း သွားရမည်။ ၀မ်း သားစရာ စကားတွေ ကြားရမယ်။ ပျော်ရွှင်ဖွယ် ခရီးတွေ ဖြစ်မယ်။ အချစ်ရေးနှင့် ပါတ်သက်တဲ့ ခရီး သွားရတတ် တယ်။ ချစ်သူရဲ့ သတင်းကောင်း ကြားရမယ်... ဆိုတာမျိုးတွေ ထည့်ပြီး ဟောလေ့ရှိပါတယ်။

    ချစ်သူနှစ်ဦးမှာ မိန်းမပျိုဟာ ကောင်းကင်ပြင်ကို မော့ပြီး ကြည့်နေပါတယ်။ လုင်ပျိုကတော့ မြေပြင်ကို ငေးစိုက်နေပါ တယ်။

    ကမာ့္ဘတွေးခေါ် ပညာရှင်ကြီးများက မိန်းမများဟာ အချစ်ရေး အချစ်ရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဘ၀ မြင့်မားအောင် မြင်မှု့များကို မျှော်လင့်လေ့ရှိတယ်။ ယောက်ျားများကတော့ အချစ်အတွက် ဆိုရင် အနစ်နာခံ စွန်လွှတ်ဖို့ ဆုံးဖြတ် ထားလေ့ရှိတယ်လို့ ပြောခဲ့ကြဖူးပါတယ်။ ဒီကတ်ပြားမှာလည်း အဲဒီ သဘော သဘာဝကို ဖော်ညွန်းထားတယ် ရယ် လို့ ပညာရှင် အချို့က ဖွင့်ဆိုကြပါတယ်။

    ဒီကတ်ပြားထဲက သစ်ပင်တစ်ပင်မှာ မြွေတစ်ကောင် တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒဲ့(တည့်) ဟောမယ်ဆို ရင်တော့ အဆိတ်ရှိသော သတ္တ၀ါ သတိထားရမည်ပေါ့ဗျာ...။ နောက်တစ်ခုကတော့ ပုံထဲမှာ ချစ်သူနှစ်ဦးကို အချစ် နတ်သမီးက ကောင်းချီး ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွေမှာ ကူ ညီပံ့ပိုးပေးမယ့်သူတွေ ပေါ်ပေါက်လာမယ်လို့လည်း ဟောနိုင်တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံလိုက်တဲ့အခါ ...

    1. ဘယ်မေးခွန်းကိုပဲ မေးမေး ကောင်းသည် ၊ ဖြစ်မည် ၊ အောင်မြင်မည် ၊ ရမည်လို့ ဟောနိုင်ပါတယ်။ ချစ်ခြင်း မေတ္တာရဲ့ သဘောသဘာဝ တွေနဲ့ ဆက်စပ်ပြီး ဟောပြျောနိုင်တဲ့ အတွက် ကောင်းချစ်လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
    2. ချစ်သူနှင့် ပတ်သက်၍ သတင်းကောင်း ကြားမည်။
    3. အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွင် ကူညီပံ့ပိုးပေးမည့်သူများ ပေါ်ပေါက်လာလိမ့်မည်။
    4. ကောင်းသောခရီး ၊ သွားရမည်။ အချစ်ရေါ်နှင့် ပတ်သက်သော ခရီးများလည်း အောင်မြင်မည်။
    5. ရပ်ဝေးမှ ၀မ်းသာစရာ သတင်းကောင်း ဧည့်သည်ကောင်း ရောက်လာမည်။
    6. အဆိပ်ရှိသော သတ္တ၀ါ သတိထားရမည်။
    7. ရေကြောင်းခရီး ၊ နိုင်ငံခြားခရီးများလည်း အောင်မြင်မည် စသော ဟောချက်များကို ဟောဆိုနိုင်ပါကြောင်း...

    No comments:

    Post a Comment